Trending Now

ဗန်းမော် – ရွှေကူ ကားလမ်းပိုင်းအား ယနေ့ မနက်ပိုင်းအချိန်က ပြန်လည်သွားလာခွင့်ပေး

Spread the love

ဗန်းမော် – ရွှေကူ ကားလမ်းပိုင်းအား ယနေ့ မနက်ပိုင်းအချိန်က ပြန်လည်သွားလာခွင့်ပေး

EPN
ဗန်းမော်၊ ဩဂုတ် ၂၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော် – ရွှေကူသွား ကားလမ်းပိုင်းအား ယနေ့ မနက်ပိုင်းက ပြန်လည်သွားလာခွင့်ပေးထားကြောင်း ကားဆရာများထံမှ သိရသည်။

ဗန်းမော် – ရွှေကူ ကားလမ်းပိုင်းအား ဩဂုတ်လ (၁၆) ရက်နေ့ကစ၍ တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များမှ သွားလာခွင့်အား ယာယီပိတ်ထားခဲ့ကြောင်း ‌ဗန်းမော် – ရွှေကူ ပြေးဆွဲနေသည့် ကားဆရာတစ်ဦးက ရှင်းပြသည်။

” ဒီကနေ့ မနက်ပိုင်းမှာ ဗန်းမော် – ရွှေကူ ကားလမ်းကို ပြန်ဖွင့်ပေးလိုက်တယ်။ အသွားအလာ ပြန်လုပ်နေကြတယ်။ မြစ်ကြီးနား – ဗန်းမော် ကားလမ်းပိုင်းတော့ မဖွင့်သေးဘူး။ ကသာ၊ ထီးချိုင့်ဘက်က လှည့်ပြေးဆွဲနေရတယ် ” ဟု ၎င်းကရှင်းပြသည်။

ဗန်းမော် – ရွှေကူ – မန္တလေး သွားသည့် လမ်းပိုင်းများကို ဩဂုတ်လ (၁၆) ရက်နေ့က စတင်၍ သွားလာခွင့် ပိတ်ထားသည့်အတွက် ကုန်ဈေးနှုန်းများ အဆမတန် ဈေးမြင့်တက်ခဲ့ကြောင်း ဗန်းမော်မြို့ခံ ပြည်သူတစ်ဦးက ဆိုသည်။

” ကျွန်တော်တို့ဒေသဖြစ်တဲ့ ဗန်းမော် – ရွှေကူ ကားလမ်းပိုင်းတွေကို ပိတ်ထားတော့ မန္တလေး၊ မြစ်ကြီးနားက ကုန်စည် အဝင်အထွက္ မရှိကြတော့ ကုန်ဈေးနှုန်းတွေ မြင့်တက်ခဲ့တယ်။ ကုန်စည်ကို လေယာဉ်နဲ့ သယ်ဆောင်နေရလို့ ဈေးတွေ အရင်ထက် သုံးဆလောက် တက်တာတွေ ကြုံခဲ့ရတယ် ” ဟု ၎င်းကပြောသည်။

ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်နှင့် ရွှေကူမြို့နယ်တို့တွင် တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်ခဲ့သည့်အတွက် ဒေသခံပြည်သူများ၏ နေအိမ်များ မီးလောင်ဆုံးရှုံးခြင်းများ ရှိခဲ့သည့်အပြင် သေသခံပြည်သူအများစုသည် တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာ တိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။