Trending Now

UNICEF နွင့္ ပူးေပါင္းျပဳစုေရးသားထားသည့္ တုိင္းရင္းသားပံုျပင္စာအုပ္မ်ားျဖင့္ ယခုႏွစ္ပညာသင္ႏွစ္မွ စ၍ ကခ်င္တျပည္နယ္လံုး၌ သင္ၾကားသြားမည္

Spread the love

UNICEF နွင့္ ပူးေပါင္းျပဳစုေရးသားထားသည့္ တုိင္းရင္းသားပံုျပင္စာအုပ္မ်ားျဖင့္ ယခုႏွစ္ပညာသင္ႏွစ္မွ စ၍ ကခ်င္တျပည္နယ္လံုး၌ သင္ၾကားသြားမည္
EPN
ျမစ္ႀကီးနား၊ စက္တင္ဘာ ၂၄
ကုလသမဂၢ ကေလးမ်ားရန္ပံုေငြအဖြဲ႔ (UNICEF) နွင့္ စာေပယဥ္ေက်းမႈေကာ္မတီတို႔ ပူးေပါင္းကာ ျပဳစုေရးသား ထားသည့္ တိုင္းရင္းသားပံုျပင္စာအုပ္မ်ားကို္ ယခုပညာသင္ႏွစ္မွ စတင္၍ ကခ်င္ျပည္နယ္အတြင္းရိွ အေျခခံပညာေက်ာင္း KGတန္းမ်ားတြင္ သင္ၾကားပို႔ခ် ေပးေတာ့မည္ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္တိုင္းရင္းသားစာေပနွင့္ ယဥ္ေက်းမႈဦးစီးဌာနမွဴးရံုးမွ သိရသည္။


တိုင္းရင္းလူမ်ိဳးမ်ား အခြင့္အေရးကို ကာကြယ္ေစာင့္ေရွာက္သည့္ ဥပေဒ အခန္း(၅)၊ ပုုုုဒ္မ ၉ (ဂ)အရ ျပဳစုေရးသား ထားသည့္ ယင္းပံုျပင္စာအုပ္ကို တိုင္းရင္းသားဘာသာနွင့္ ျမန္မာဘာသာ နွစ္ဘာသာျဖင့္ျပဳစု ေရးသားထားၿပီး ကခ်င္မ်ိဳးႏြယ္စု ေျခာက္ခုျဖစ္သည့္ ဂ်ိန္္းေဖာ့၊ ရဝမ္၊ ေလာ္ေဝၚ၊ ဇိုင္ဝါး၊ လီဆူ၊ လာခ်ိတ္နွင့္ ရွမ္းမ်ိဳးႏြယ္စုမ်ားျဖစ္သည့္ တိုင္းလိုင္၊ တိုင္းေလ၊ တိုင္းခမ္းတီနွင့္ ဗမာစသည့္ တိုင္းရင္းသား လူမိ်ဳးမ်ား၏ ရိုးရာ ပံုျပင္မ်ားထည့္သြင္းျပဳစုေရးသားထားေၾကာင္း ကခ်င္ျပည္နယ္တိုင္းရင္းသား စာေပနွင့္ ယဥ္ေက်းမႈဦးစီး ဌာနမွဴးရံုးမွ သိရသည္။


အေျခခံပညာေက်ာင္းမ်ားတြင္ ယခုကဲ့သို႔ တိုင္းရင္းသားပံုျပင္စာအုပ္မ်ားကို စတင္သင္ၾကားပို႔ခ်ေပးသြားရ ျခင္းနွင့္ ပတ္သက္၍ ကခ်င္ျပည္နယ္တိုင္းရင္းသားစာေပနွင့္ ယဥ္ေက်းမႈဦးစီးဌာနမွ ယာယီဒုတိယဦးစီးမွဴး ဦးခင္ေမာင္ထြန္းက ယခုကဲ့သို႔ ဆိုသည္။
 
“ကြ်န္ေတာ္တို႔ ေက်းလက္ေဒသက တိုင္းရင္းသားကေလးေတြက အမ်ားအားျဖင့္ ဒီစာသင္ေက်ာင္းကို ဝင္တာ နဲ႔ ျမန္မာဘာသာနဲ႔ဘဲ သင္ၾကားေနရေတာ့ တခ်ိိဳ႕က ျမန္မာစကား မေျပာတတ္တဲ့ သူအတြက္ၾကေတာ့ အခက္အခဲျဖစ္တယ္။ အခုလိုမ်ိဳး တိုင္းရင္းသားဘာသာနဲ႔ ပူးတြဲၿပီး သင္ၾကားေပးေတာ့ သူတို႔ရဲ႕စြမ္းရည္ေတြကိုပိုမိုျမင့္တင္ေစမွာျဖစ္ပါတယ္။”ဟု ဦးခင္ေမာင္ထြန္းက ေျပာသည္။

အဆိုပါ တိုင္းရင္းသား ပံုျပင္စာအုပ္မ်ားကို လက္ရိွအေျခခံပညာေက်ာင္းမ်ား၌ သတ္မွတ္ေပးထားသည့္ ေဒသ သင္ရိုးညႊန္းတမ္း စာသင္ခ်ိန္နွစ္ခ်ိ္န္ကိုသာ အသံုးျပဳၿပီး ေဒသသင္ရိုးသင္ၾကားသည့္ ဆရာ/ဆရာမမ်ားျဖင့္သာ သင္ၾကားပို႔ခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းပံုျပင္စာအုပ္မ်ားကို ယခုနွစ္အတြင္း စတင္အေကာင္အထည္ေဖာ္ သင္ၾကားပို႔ခ် ေပးသြားနိုင္ရန္အတြက္ ကခ်င္ျပည္နယ္အတြင္းရိွတိုင္းရင္းသားစာေပနွင့္ ယဥ္ေက်းမႈေကာ္မတီ(၁၀)ဖြဲ႔အား တိုင္းရင္းသား ပံုျပင္စာအုပ္ေပါင္း (၂၃၇၄၆)အုပ္ကို အပ္နွံေပးနိုင္ခဲ့ၿပီျဖစ္ၿပီး လံုေလာက္မႈမရိွေသးပါက တင္ျပေတာင္းဆိုလာသည့္အေပၚ ဆက္လက္ထုတ္ေဝေပးသြားမည္ ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ တိုင္းရင္းသားစာေပနွင့္ ယဥ္ေက်းမႈဦးစီးဌာနမွ သိရသည္။ 
လြမ္းေအာင္ 
———————————————————————————

UNICEF နှင့် ပူးပေါင်းပြုစုရေးသားထားသည့် တိုင်းရင်းသားပုံပြင်စာအုပ်များဖြင့် ယခုနှစ်ပညာသင်နှစ်မှ စ၍ ကချင်တပြည်နယ်လုံး၌ သင်ကြားသွားမည်
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၄

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် စာပေယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်းကာ ပြုစုရေးသား ထားသည့် တိုင်းရင်းသားပုံပြင်စာအုပ်များကို ယခုပညာသင်နှစ်မှ စတင်၍ ကချင်ပြည်နယ် အတွင်းရှိ အခြေခံပညာကျောင်း KGတန်းများတွင် သင်ကြားပို့ချ ပေးတော့မည်ဖြစ်ကြောင်း ကချင်ပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှူးရုံးမှ သိရသည်။

တိုင်းရင်းလူမျိုးများ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေ အခန်း(၅)၊ ပုဒ်မ ၉ (ဂ)အရ ပြုစုရေးသား ထားသည့် ယင်းပုံပြင်စာအုပ်ကို တိုင်းရင်းသားဘာသာနှင့် မြန်မာဘာသာ နှစ်ဘာသာဖြင့်ပြုစု ရေးသားထားပြီး ကချင်မျိုးနွယ်စု ခြောက်ခုဖြစ်သည့် ဂျိန်းဖော့၊ ရဝမ်၊ လော်ဝေါ်၊ ဇိုင်ဝါး၊ လီဆူ၊ လာချိတ်နှင့် ရှမ်းမျိုးနွယ်စုများဖြစ်သည့် တိုင်းလိုင်၊ တိုင်းလေ၊ တိုင်းခမ်းတီနှင့် ဗမာစသည့် တိုင်းရင်းသား လူမျိုးများ၏ ရိုးရာ ပုံပြင်များထည့်သွင်းပြုစုရေးသားထားကြောင်း ကချင်ပြည်နယ်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီး ဌာနမှူးရုံးမှ သိရသည်။

အခြေခံပညာကျောင်းများတွင် ယခုကဲ့သို့ တိုင်းရင်းသားပုံပြင်စာအုပ်များကို စတင်သင်ကြားပို့ချပေးသွားရ ခြင်းနှင့် ပတ်သက်၍ ကချင်ပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ယာယီဒုတိယဦးစီးမှူး ဦးခင်မောင်ထွန်းက ယခုကဲ့သို့ ဆိုသည်။

“ကျွန်တော်တို့ ကျေးလက်ဒေသက တိုင်းရင်းသားကလေးတွေက အများအားဖြင့် ဒီစာသင်ကျောင်းကို ဝင်တာ နဲ့ မြန်မာဘာသာနဲ့ဘဲ သင်ကြားနေရတော့ တချို့က မြန်မာစကား မပြောတတ်တဲ့ သူအတွက်ကြတော့ အခက်အခဲဖြစ်တယ်။ အခုလိုမျိုး တိုင်းရင်းသားဘာသာနဲ့ ပူးတွဲပြီး သင်ကြားပေးတော့ သူတို့ရဲ့စွမ်းရည်တွေကိုပိုမိုမြင့်တင်စေမှာဖြစ်ပါတယ်။”ဟု ဦးခင်မောင်ထွန်းက ပြောသည်။

အဆိုပါ တိုင်းရင်းသား ပုံပြင်စာအုပ်များကို လက်ရှိအခြေခံပညာကျောင်းများ၌ သတ်မှတ်ပေးထားသည့် ဒေသ သင်ရိုးညွှန်းတမ်း စာသင်ချိန်နှစ်ချိန်ကိုသာ အသုံးပြုပြီး ဒေသသင်ရိုးသင်ကြားသည့် ဆရာ/ဆရာမများဖြင့်သာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းပုံပြင်စာအုပ်များကို ယခုနှစ်အတွင်း စတင်အကောင်အထည်ဖော် သင်ကြားပို့ချ ပေးသွားနိုင်ရန်အတွက် ကချင်ပြည်နယ်အတွင်းရှိတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ(၁၀)ဖွဲ့အား တိုင်းရင်းသား ပုံပြင်စာအုပ်ပေါင်း (၂၃၇၄၆)အုပ်ကို အပ်နှံပေးနိုင်ခဲ့ပြီဖြစ်ပြီး လုံလောက်မှုမရှိသေးပါက တင်ပြတောင်းဆိုလာသည့်အပေါ် ဆက်လက်ထုတ်ဝေပေးသွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။