Trending Now

အိမ်ဖြူတော်ဝန်ထမ်းများ နှာခေါင်းစည်း ဝတ်ဆင်ရန် သမ္မ ဒေါ်နယ်ထရမ့် ညွှန်ကြား

Spread the love

အိမ်ဖြူတော်ဝန်ထမ်းများ နှာခေါင်းစည်း ဝတ်ဆင်ရန် သမ္မ ဒေါ်နယ်ထရမ့် ညွှန်ကြား

EPN
နိုင်ငံတကာ၊ မေ ၁၂

အိမ်ဖြူတော် ဝန်ထမ်းနှစ်ဉီးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိပြီးနောက် အိမ်ဖြူတော်တွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများအားလုံး နှာခေါင်းစည်းများ တပ်ဆင်ရန် လိုအပ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အပတ်က သူနှင့်ဒုသမ္မတ မိုက်ပန့်ခ်တို့အနီး အလုပ်လုပ်နေသည့် ဝန်ထမ်းနှစ်ဉီး ဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့ကြောင်း ‌တွေ့ရှိခဲ့ရသည်။ အစိုးရအဖွဲ့၏ အရေးပါသည့် အဖွဲ့ဝင်များ ရောဂါကူးစက်ခံရပြီး နောက် ၎င်းတို့သည် ရောဂါကူးစက်ခြင်း မှ ကာကွယ်ရန် သီးခြားခွဲ၍ နေထိုင်ခဲ့သည်။

ရုံးတက်သည့် ဝန်ထမ်းများ နှာခေါင်းစည်းများ ဝတ်ဆင်လာခဲ့ကြရန် တောင်းဆိုခဲ့ကြောင်း ယနေ့ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ထရန့်က ပြောကြားခဲ့သည်။

ရောဂါကူးစက်ခံရသူဝန်ထမ်းများနှင့် ထိတွေ့သူများအား စစ်ဆေးရာတွင် negative ပြခဲ့ကြောင်း သူကဆိုသည်။ အိမ်ဖြူတော်မှာ ကိုဗစ်-၁၉ ကူးစက်ရောဂါကို ထိန်းချုပ်နိုင်သေးကြောင်း ၎င်းက ပြော ကြားခဲ့သည်။

ထရန့်နှင့် မိုက်ပန့်အပါအဝင် ၎င်းတို့၏ အနီးကပ် လက်ထောက်များက အများပြည်သူများအတွက် နှာ ခေါင်းစည်းများ ဝတ်ဆင်ခြင်းမရှိသည့်အတွက် ဝေဖန်လျက်ရှိခဲ့ကြသည်။ ရောဂါထိန်းချုပ်ရေးနှင့် ကာ ကွယ်ရေးစင်တာများက နှာခေါင်းစည်းများ တပ်ဆင်ကြရန် အကြံပြုခဲ့သည်။

ထရန့်သည် ၎င်း၏ အနီးအနားမှ လူများကို စိတ်ချရသည့် အကွာအဝေးတစ်ခုမှ နေထိုင်ရန် ပြောခဲ့သဖြင့် ၎င်းအနေဖြင့် နှာခေါင်းစည်း တပ်ဆင်ရန်မလိုဟု ပြောကြားခဲ့သည်။

–ကိုးကား–
အင်န်အိတ်ချ်ကေ
Ref; Trump orders White House staff to wear masks


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။