Trending Now

ရိုမေးနီးယားနိုင်ငံက တူရကီထုတ် Bayraktar TB2 ဒရုန်းတွေ ဝယ်ယူဖို စီစဉ်နေ

Spread the love

ရိုမေးနီးယားနိုင်ငံက တူရကီထုတ် Bayraktar TB2 ဒရုန်းတွေ ဝယ်ယူဖို စီစဉ်နေ
EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၃
ယူကရိန်းစစ်ပွဲက အောင်မြင်မှုတွေကို တွေ့မြင်ရပြီးနောက်ပိုင်းမှာ ရိုမေးနီးယားနိုင်ငံက ၎င်းတိုနိုင်ငံရဲ့ လေ ကြောင်းရန်ကာကွယ်ရေးစွမ်းရည်တွေကို တိုးမြှင့်ရာမှာ အထောက်အကူပြုနိုင်ဖိုအတွက် တူရကီနိုင်ငံထုတ် Bayraktar TB2 (ဘိုင်ရက်တာ ဘီတူး) ဒရုန်းတွေဝယ်ယူဖို စီစဉ်နေတယ်လို သိရပါတယ်။
တူရကီစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Baykar ထံက Bayraktar TB2 ဒရုန်း ၁၈ စင်း ဝယ်ယူဖိုအ တွက် ရိုမေးနီးယားကာကွယ်ရေးဝန်ကြီးဌာနက လွှတ်တော်ကို တင်ပြထားပါတယ်။
လွှတ်တော်ကိုတင်ပြတောင်းခံထားတဲ့ဘတ်ဂျက်ထဲမှာ လော်ဂျစ်စတစ်ထောက်ပံ့မှုနဲ့ လေ့ကျင့်ရေးပစ္စည်းတွေ အတွက် ဒေါ်လာ သန်း ၃၀၀ လည်းပါဝင်တယ်လိုဆိုပါတယ်။
အဲဒီဝယ်ယူမယ့်ဒရုန်းတွေကို ရိုမေးနီးယားနိုင်ငံရဲ့ နေတိုးအဖွဲကထောက်ခံထားတဲ့ စီမံကိန်းတွေကို ထောက်ပံ့ ရာမှာ ရိုမေးနီးယားမြေပြင်တပ်ဖွဲဝင်တွေက ကိုင်တွယ်အသုံးပြုသွားမှာဖြစ်တယ်လို ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရိုမေးနီးယားနိုင်ငံဟာ ၂၀၀၄ ခုနှစ်ကတည်းက နေတိုးအဖွဲဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၎င်းတိုရဲ့နိုင်ငံထဲမှာ နေတိုး အမြဲတမ်းမဟာမိတ်နိုင်ငံက တိုက်ခိုက်ရေးတပ်ဖွဲဝင်တွေ အခြေချနေထိုင်လျက်ရှိပါတယ်။
“ကျွန်တော်တို ဒရုန်း ၁၈ စင်း ဝယ်ယူဖိုနဲ့ လော်ဂျစ်စတစ်ထောက်ပံ့မှုတွေရယ်၊ လေ့ကျင့်ရေးပစ္စည်းတွေရယ် ဝယ်ယူဖိုပါ ဆွေးနွေးနေပါတယ်။” လို ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ကွန်စတန်တင် စပါနူက ပြောပါတယ်။
“ဈေးနှုန်းကတော့ ကာကွယ်ရေးဝန်ကြီးဌာနက ရနိုင်သမျှသတင်းအချက်အလက်တွေပေါ်မူတည်ပြီး ခန့်မှန်း တွက်ချက်နေပါတယ်။ လွှတ်တော်က ခွင့်ပြုချက်ရတာနဲ့ နောက်ဆုံးအတည်ပြုဈေးနှုန်းကို ဆွေးနွေးညှိနှိင်းပြီး ဆုံးဖြတ်ကြပါလိမ့်မယ်။” လို ၎င်းက ပြောပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲမှာ ရုရှားစစ်လက်နက်ပစ္စည်းတွေကို မောင်းသူမဲ့လေယာဉ်တွေနဲ့ ထိထိ ရောက်ရောက် ဖျက်ဆီးပစ်နိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာချိန်မှာ ရိုမေးနီးယားနိုင်ငံက အခုလို တူရကီ ဒရုန်းတွေကို ဝယ်ယူဖို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
Ref: Romania Looking to Procure 18 Turkish-Made Bayraktar Drones

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။