Trending Now

မြစ်ကြီးနားမြို့ အနီးတစ်ဝိုက် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် မြစ်ကြီးနားလေဆိပ်မှ ပြေးဆွဲနေသည့် လေကြောင်းလိုင်းများကို ရက်အကန့်အသတ်မရှိ ပိတ်ထား

Spread the love

မြစ်ကြီးနားမြို့ အနီးတစ်ဝိုက် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် မြစ်ကြီးနားလေဆိပ်မှ ပြေးဆွဲနေသည့် လေကြောင်းလိုင်းများကို ရက်အကန့်အသတ်မရှိ ပိတ်ထား

EPN
မြစ်ကြီးနား၊ မတ် ၉ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီးတစ်ဝိုက်နှင့် ဝိုင်းမော်မြို့နယ်ဘက်များတွင် တပ်မတော်နှင့် KIA/ PDF အဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် မြစ်ကြီးနားလေဆိပ်တွင် လေကြောင်းပြေးဆွဲမှုများကို ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း မြစ်ကြီးနားလေဆိပ်အနီးရှိ ဒေသခံများထံမှ သိရသည်။

ယနေ့၊ မတ်လ (၉)ရက်နေ့ နေ့လည် (၁၁)နာရီခွဲခန့်မှ စတင်ကာ လေကြောင်းလိုင်းများကို ရပ်နားထားခဲ့ပြီး၊ လေကြောင်းခရီးစဉ်များကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားကြောင်း မြစ်ကြီးနားလေဆိပ်မှ ဒေသခံတစ်ဦးက ပြောသည်။

” လက်ရှိ မြစ်ကြီးနားမြို့ အနီးတစ်ဝိုက်တွေမှာ တိုက်ပွဲတွေဖြစ်နေတော့ လေကြောင်းခရီးစဉ်တွေကို ရက်အကန့်အသက်မရှိ ရွှေ့ဆိုင်းလိုက်တယ်။ အတိအကျတော့ မဟုတ်ပေမယ့် အခြေအနေအရ မနက်ဖြန် ဖွင့်ရင်လဲဖွင့်နိုင်တယ်။ အခုတော့ လေကြောင်းလိုင်းတွေအားလုံး မြစ်ကြီးနားလေဆိပ်ကို ပြေးဆွဲနေမှုတွေကို ရပ်ထားလိုက်ပြီ ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် မြစ်ကြီးနားမြို့မှ ခရီးသွားလာမှုများကို ဒေသခံများအနေဖြင့် မပြုလုပ်ကြတော့ဘဲ တိုက်ပွဲအခြေအနေများကို စိုးရိမ်စောင့်ကြည့်ကာ နေထိုင်နေရကြောင်း မြစ်ကြီးနားမြို့နေ ဒေသခံတစ်ဦးက ပြောသည်။

” ကားလမ်းလဲ တိုက်ပွဲတွေကြောင့် ပိတ်လိုက်ဖွင့်လိုက်ဆိုတော့ ကားလမ်းနဲ့ ခရီးထွက်ဖို့ကလည်း မလွယ်ဘူး။ လေကြောင်းလိုင်းကို အားကိုးပြီး နေနေရပေမယ့် အခုလို လေကြောင်းလိုင်းတွေပိတ်လိုက်ပြီဆိုတော့ ကျွန်တော်တို့ ဒေသခံတွေအနေနဲ့ တိုက်ပွဲသံတွေကိုပဲ စိုးရိမ်ပြီး စောင့်ကြည့်နေရတဲ့ အခြေအနေပဲ ရှိတော့တယ် ” ဟု ၎င်းကပြောသည်။

ယနေ့၊ နံနက်ပိုင်းကလည်း ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁)၊ (၂)ဘက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး၊ လက်နက်ကြီးသံများ အဆက်မပြတ် ကြားနေရကာ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။