Trending Now

ကိုဗစ်-၁၉ ကူးစက်မှု စံချိန်တင် မြင့်တက်လာသည့် ချီလီနိုင်ငံတွင် ဝန်ကြီးနှစ်ဦး၌ ဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိ

Spread the love

ကိုဗစ်-၁၉ ကူးစက်မှု စံချိန်တင် မြင့်တက်လာသည့် ချီလီနိုင်ငံတွင် ဝန်ကြီးနှစ်ဦး၌ ဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိ

EPN
နိုင်ငံတကာ၊ မေ ၂၆

ချီလီနိုင်ငံတွင် သမ္မတ ဆီဘက်ရှန်ပင်နီရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦးအပါအဝင် ယမန်နေ့က ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုသစ် ၅၀၀၀ နီးပါး စံချိန်တင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချီလီနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသစ် ၄၈၉၅ မှုနှင့် သေဆုံးသူ ၄၃ ဉီးအထိ ရှိခဲ့ ကြောင်း ကျန်းမာရေးအာဏာပိုင်များက ကြေညာခဲ့သည်။ ကူးစက်ခံရသူများတွင် ၄င်းတို့ပါဝင်ကြောင်း ပြည်သူ့ ဆောက်လုပ်ရေးဝန်ကြီး အဲဖရက်ဒိုမိုရန်နိုနှင့် စွမ်းအင်ဝန်ကြီး ဟွမ်ကားလို့စ်ဂျိုဘတ်တို့က ပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့ရက်အနည်းငယ်က ပြုလုပ်ခဲ့တဲ့ စစ်ဆေးမှုအရ ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့တယ်လို့ ကျွန်တော့်ကို အကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်ထိ ကျွန်တော့်မှာ ရောဂါလက္ခဏာပြသတာ မရှိခဲ့ပါ ဘူး” ဟု မိုရန်နိုက တွစ်တာ၌ ရေးသားခဲ့သည်။ အသက် ၆၃ နှစ်အရွယ် မိုရန်နိုက ဝန်ထမ်းတစ်ဉီးတွင် ကိုဗစ်-၁၉ ရောဂါ စမ်းသပ်တွေ့ရှိပြီးနောက် သီးသန့်ခွဲနေထိုင်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်နိုင်သည့် မပြင်းထန်သော ရောဂါလက္ခဏာများ ကြုံတွေ့ခဲ့သည့် ဂျိုဘတ် သည်လည်း ရောဂါကူးစက်ခံရပြီးနောက် သီးသန့်ခွဲနေခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ခုက ဆိုသည်။

အသက် ၄၄ နှစ်အရွယ် ဂျိုဘတ်သည် မကြာသေးမီက သမ္မတ ဆီဘတ်ရှန်ပင်နီရာ သို့မဟုတ် အခြား အစိုးရအဖွဲ့ဝင်များနှင့် တိုက်ရိုက် ထိတွေ့ခဲ့ခြင်းမရှိဟု ထုတ်ပြန်ချက်က ဖော်ပြခဲ့သည်။ ကူးစက်လူနာများနှင့် ထိ တွေ့ပြီးနောက် သီးသန့်ခွဲနေထိုင်ခဲ့သည့် အခြားဝန်ကြီးသုံးဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရှိဘဲ လုပ်ငန်းခွင်ပြန် ဝင်ခဲ့ပြီဖြစ်သည်။

ချီလီနိုင်ငံတွင် ပြီးခဲ့သည့်အပတ်က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်တက်လာခြင်းကြောင့် အစိုးရက ဆန် တီယာဂိုမြို့တော်တွင် အသွားအလာကန့်သတ်မိန့် ချမှတ်ခဲ့သည်။ ချီလီနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ၇၄၀၀၀ အနက် ၉၀ ရာခိုင်နှုန်းဖြစ်ပွားရာ ဆန်တီယာဂိုမြို့မှာ ကပ်ရောဂါ အဓိကဖြစ်ပွားရာနေရာ ဖြစ်သည်။

ပြီးခဲ့သည့်အပတ်က အထက်လွှတ်တော်အမတ်သုံးဉီးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိပြီးနောက် အထက်လွှတ်တော်ကို ရပ်နားခဲ့ပြီး လွှတ်တော်အစည်းအဝေးများကို ဗွီဒီယိုကွန်းဖရင့်ဖြင့်သာ ကျင်းပခဲ့သည်။

–ကိုးကား–
အေအက်ဖ်ပီ
Ref; Two Chile govt ministers test positive as country sees record Covid-19 cases


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။