Trending Now

ပထမအချီမှာပဲ အနိုင်ရရှိခဲ့ပေမယ့် ပြိုင်ဘက်ကို လေးစားမှုအပြည့်ရှိကြောင်း ပြသခဲ့တဲ အောင်လ

Spread the love

ပထမအချီမှာပဲ အနိုင်ရရှိခဲ့ပေမယ့် ပြိုင်ဘက်ကို လေးစားမှုအပြည့်ရှိကြောင်း ပြသခဲ့တဲ အောင်လ

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၄

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ One Championship ပြိုင်ပွဲရဲ့ One Fight Night -6 ပွဲစဉ်မှာ အောင်လအန်ဆန်က ဘရာဇီးဖိုက်တာ ဂီလ်ဘာတို ဂယ်ဗောင်းကို တချီတည်းနဲ့ အနိင်ရရှိခဲ့ပါတယ်။

ဒါဟာ အောင်လရဲ့ ပထမအချီမှာတင် အနိုင်ရရှိခဲ့တဲ့ ၂၁ ကြိမ်မြောက် ပွဲစဉ်ဖြစ်သလို အနိုင်ရရှိခဲ့ပေမယ့် ပြိုင်ဘက်ကို လေးစားမှုအပြည့်အဝရှိကြောင်း ပြသခဲ့တဲ့အတွက် ဒိုင်တွေရဲ့ ချီးကျူးမှုကို ခံခဲ့ရပါတယ်။

ဂီလ်ဘာတိုဟာ ပွဲထွက်လာကတည်းက သူရဲ့အားပြင်းတဲ့ ဝိုက်လက်သီးတွေနဲ့ အောင်လကို တရစပ်ထိုးသတ်ခဲ့ပေမယ့် အောင်လရဲ့ ပင့်လက်သီးတစ်လုံးမိသွားခဲ့ပြီး နောက်ပြန်လဲကျသွားခဲ့ပါတယ်။

အဲ့ဒီနောက် ဂီလ်ဘာတိုက အောင်လကို သံဇကာမှာ ဖိကပ်ပြီး ချုပ်လှဲဖို့ ကြိုးစားပေမဲ့ ရုန်းထွက်နိုင်ခဲ့ပြီးနောက် လဲကျသွားတဲ့ ပြိုင်ဘက်ကို လက်သီးတွေ ဘယ်ပြန် ညာပြန်ထိုးခဲ့တာကြောင့် ပထမအချီမှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့ အောင်လဟာ ပြိုင်ဘက်ကို လေးစားမှုရှိကြောင်း ပြသတဲ့အနေနဲ့ သူဝတ်ဆင်ထားတဲ့ အင်္ကျီကို ချွတ်ကာ ဂီလ်ဘာတို ရဲ့ အင်္ကျီနဲ့ လဲလှယ်ဝတ်ဆင်ခဲ့ကြတဲ့အတွက် ဒိုင်တွေ အံသြသင့်ခဲ့ကြပါတယ်။

ပွဲစဉ်ပြီးဆုံးချိန်မှာ အောင်လက ” မြန်မာပရိတ်သတ်ကို ကျွန်တော်အရမ်းကျေးဇူးတင်တယ် ကျွန်တော်အရမ်းချစ်တယ် ဒီအရင်တစ်နှစ်က ကျွန်တော်တို့အတွက် အရမ်းခက်ခဲတယ် ကျွန်တော်လည်း အရမ်းစိတ်ဓာတ်ကျတယ် ဒါပေမယ့် ပြောချင်တာက အားလုံးစိတ်ကို တင်းထားပါ ငြိမ်းချမ်းရေးက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးဆုံးပဲ ဒီတော့ အားလုံးငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးပါလို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။