Trending Now

အင်ဒိုနီးရှား ရေကြီးမှု သေဆုံးသူ ၅၀ နီးပါးရှိနေ

Spread the love

အင်ဒိုနီးရှား ရေကြီးမှု သေဆုံးသူ ၅၀ နီးပါးရှိနေ
EPN 
နိုင်ငံတကာ၊ မတ် ၁၇

အင်ဒိုနီးရှားနိုင်ငံပါပူအာ ဒေသရှိ ဂျာယာပူရာ မြို့အနီးမှာ ရေကြီးမှုတွေဖြစ်နေတာကြောင့် သေဆုံးသူမြင့်တက်နေပြီး အနည်းဆုံး ၅၀ ဦးသေဆုံးသွားခဲ့တယ်လို့ သတင်းတွေကဖော်ပြပါတယ်။


ဂျာယာပူရာမြို့အနီးရှိ ဆန်တာနီ အရပ်မှာ ရေကြီးနေတာကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းတာတွေ၊ ကယ်ဆယ်ပေးတာတွေ ဆက်လက်လုပ်ဆောင်နေရတယ်လို့ အင်ဒိုနီးရှား ဘေးအန္တာရယ်ကာကွယ်ရေးအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ နုဂရိုဟိုကပြောပါတယ်။

ရေကြီးမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုများနေတဲ့အပြင် အနည်းဆုံးဒဏ်ရာရသူ ၂၁ ဦးရှိတယ်လို့ နုဂရိုဟိုကပြောပါတယ်။ ကယ်ဆယ်ရေးသမာေးတွ ဟာ ရေကြီးနေတဲ့ နေရာအများပြားမှာ ရှာဖွေကယ်တင်နေပြီး ဆေးရုံ တင်ရသူဦးရေ များနေတယ်လို့ နုဂရိုဟိုကဆိုပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံမှာ မကြာခဏဆိုသလို ရေကြီးမြေပြိုတာတွေ ဖြစ်နေပြီး နှစ်စဉ် သဘာဝဘေးအန္တာရယ်တွေကြုံနေရပါတယ်။ ရေကြီးမှုတွေကြောင့် ကားတွေ လည်း ရေထဲမျှောပါနေတဲ့အပြင် အခြား အိမ်သုံးပစ္စည်းတွေ လည်း ရေထဲနစ်မြှပ်နေတယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူတွေကပြောပါတယ်။
——————————


EPN






Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။