Trending Now

မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် မီးလောင်မှုဖြစ်ပွားရာ လူနေအိမ် သုံးလုံး မီးကျွမ်းပျက်စီးဆုံးရှုံး

Spread the love

မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် မီးလောင်မှုဖြစ်ပွားရာ လူနေအိမ် သုံးလုံး မီးကျွမ်းပျက်စီးဆုံးရှုံး

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၅

မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်တွင် ယနေ့ နိုဝင်ဘာ ၅ ရက် နေ့လယ် ၂ နာရီအချိန်ခန့်က မီးလောင်မှု တစ်ခုဖြစ်ပွားရာ လူနေအိမ် ၃ လုံး မီးကျွမ်းပျက်စီးဆုံးရှုံးသွားကြောင်း ကနဦး သိရသည်။

မီးလောင်ကျွမ်းသည့်နေရာမှာ မြေမြင့် ရပ်ကွက် လမ်းသွယ် ၃ နှင့် ၄ ‌ကြားရှိ လမ်းအတွင်းမှ လူနေအိမ်များ ဖြစ်ပြီး အနီးပတ်ဝန်းကျင်မှ ပြည်သူများနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ မီးသတ်ယာဉ် ၄ စီးဖြင့် လာရောက်ငြိမ်းသတ်ပေးခဲ့သဖြင့် ၂ နာရီခွဲအချိန်ခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်၌ မီးစတင်လောင်ကျွမ်းသည့်နေအိမ်နှင့် အနီးရှိ နေအိမ် ၂လုံးမှာ မီးကျွမ်းသွားကြောင်း ကနဦး သိရသည်။
မည်သည့်အကြောင်းရင်းကြောင့် မီးလောင်ကျွမ်းမှုဖြစ်ကြောင်းကိုမူ အသေးစိတ် မသိရသေးပေ။

သတင်း/ဓါတ်ပုံ – ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။