Trending Now

ရုရှားအစိုးရက အရှေ့ဖျားစီးပွားရေးဖိုရမ်တက်ရောက်ဖို့ န.စ.က ဥက္ကဌအပါအဝင် ဖိတ်ကြားထားတဲ့ ပြည်ပနိုင်ငံကိုယ်စားလှယ်စာရင်းတွေကို ထုတ်ပြန်ကြေညာ

Spread the love

ရုရှားအစိုးရက အရှေ့ဖျားစီးပွားရေးဖိုရမ်တက်ရောက်ဖို့ န.စ.က ဥက္ကဌအပါအဝင် ဖိတ်ကြားထားတဲ့ ပြည်ပနိုင်ငံကိုယ်စားလှယ်စာရင်းတွေကို ထုတ်ပြန်ကြေညာ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၅

ရုရှားသမ္မတဗလာဒီမာပူတင်နဲ့အတူ တရုတ်ကိုယ်စားလှယ်၊ မြန်မာကိုယ်စားလှယ်၊ အာမေးနီးယန်းဝန်ကြီးချုပ်နဲ့ မွန်ဂိုလီးယန်းဝန်ကြီးချုပ်တို့ စက်တင်ဘာလ ၇ ရက်နေ့မှာကျင်းပမယ့် အရှေ့ဖျားစီးပွားရေးဖိုရမ်ကိုတက်ရောက် ဖြစ်ကြောင်း ကရင်မလင်သတင်းထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာလ ၄ ရက်နေ့ကထုတ်ပြန်ကြေညာပါတယ်။

ရုရှားသမ္မတကြီးနဲ့အတူ မြန်မာ့တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အာမေးနီးယန်းဝန်ကြီးချုပ် နစ်ကိုပါရှင်ယန်၊ မွန်ဂို လီးယားဝန်ကြီးချုပ် လဗ်ဆန်နန်ဆရိန်အိုးရန်းအားဒန်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂ ရက်အဖွဲ့ အမြဲတမ်းကော်မတီဥက္ကဋ္ဌ လီကျန်းရှူတို့ တက်ရောက်မှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်မှာဖော် ပြထားပါတယ်။

ရုရှားသမ္မတဗလာဒီမာပူတင်ဟာ စက်တင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် အရှေ့ဖျားစီးပွားရေးဖိုရမ်ရဲ့ ဘေး ပန်းအစည်းအဝေးအဖြစ် ဖိတ်ကြားထားတဲ့ ပြည်ပနိုင်ငံခေါင်းဆောင်တွေနဲ့ နှစ်ဦးချင်းတွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ကြောင်း ကရင်မလင်သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာသွားပါတယ်။

အာမေးနီးယား၊ တရုတ်၊ မွန်ဂိုလီးယားနဲ့ မြန်မာနိုင်ငံက အဆင့်မြင့်ကိုယ်စားလှယ်တွေဟာ အရှေ့ဖျားစီးပွားရေး ဖိုရမ်ကိုတက်ရောက်ကြမှာဖြစ်သလို စက်တင်ဘာလ ၇ ရက်နေ့မှာကျင်းပမယ့် မျက်နှာစုံညီအစည်းအဝေးကို လည်း တက်ရောက်ကြမှာဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။

သမ္မတကြီးဗလာဒီမာပူတင်နဲ့ ၂၀၂၂ ခုနှစ် အရှေ့ဖျားစီးပွားရေးဖိုရမ်ကို ဖိတ်ကြားထားတဲ့ ပြည်ပနိုင်ငံခေါင်း ဆောင်တွေကြား နှစ်ဦးချင်းတွေ့ဆုံဆွေးနွေးမှုတွေကတော့ အဲဒီနေ့မှာပဲ တွေ့ဆုံသွားဖို့ စီစဉ်ထားပါတယ်။ အဲ ဒီတွေ့ဆုံပွဲတွေမှာ နှစ်နိုင်ငံအရေးနဲ့ ဒေသတွင်းအရေးကိစ္စတွေအတွက် အမြင်ချင်းဖလှယ်တွေ့ဆုံဆွေးနွေးကြ ဖို့ စီစဉ်ထားပါတယ်။ လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

Ref: Kremlin reveals names of foreign guests invited to EEF

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။