Trending Now

ပုသိမ်မြို့တွင် လျှပ်စစ်မီးပြက်တောက်သည့်အချိန်ကို အလုပ်ချိန်မှ ပယ်ဖျက်မှုကြောင့် စက်ရုံအလုပ်သမားများ နစ်နာမှုရှိနေ

Spread the love

ပုသိမ်မြို့တွင် လျှပ်စစ်မီးပြက်တောက်သည့်အချိန်ကို အလုပ်ချိန်မှ ပယ်ဖျက်မှုကြောင့် စက်ရုံအလုပ်သမားများ နစ်နာမှုရှိနေ

ပုသိမ် ၊ဧပြီလ ၂၉

ဧရာဝတီတိုင်းဒေသကြီးတွင်ကာလရှည် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့်စက်ရုံအချို့အလုပ်ချိန်ပိုင်းဖြင့် အလုပ်လုပ်ကိုင်နေရ၍လုပ်သားများမှာ နစ်နာမှုများနှင့်အဆင်မပြေမှုများဖြစ်ပေါ်နေရကြောင်း ပုသိမ်မြို့ရှိ စက်ရုံလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ဖေဖော်ဝါရီလမှစတင်၍လျှပ်စစ်မီးပြတ်တောက်မှုများမကြာခဏဖြစ်ပွားနေပြီး လျှပ်စစ်မီးပြတ်တောက်ချိန်အလုပ်ရပ်နားထားရကာ မီးပြန်လာချိန်အထိစောင့်ဆိုင်းလုပ်ကိုင်နေရသည့်
အခြေအနေရောက်ရှိနေသည့်အတွက် ရပ်နားထားရသည့်အချိန်ကိုအလုပ်ချိန်အဖြစ်မှပယ်ဖျက်ကြသဖြင့်မီးပြန်လာသည့်အခါအလုပ်ပြန်လုပ်ရသည့်အချိန် ကိုသာ အလုပ်ချိန်ထဲပြန်တွက်ရခြင်းကြောင့်အလုပ်သမားများမှာ
နစ်နာမှုများကြုံရကြောင်းသိရသည်။

”လျှပ်စစ်မီးက ကာလရှည်ပြတ်တောက်နေတာပါ။အချိန်ပိုင်းနဲ့ပေးတာလည်းအဆင်မပြေပါဘူး။
မီးစက်မောင်းဖို့ကလည်းဆီဈေးတွေ တက်နေလို့အဆင်မပြေဘူးတဲ့။ဒီလိုလျှပ်စစ်မီးမမှန်လို့ အလုပ်ချိန်ပြောင်းလဲမှုမျာကြောင့်အချိန်ပိုကြေးမရပါဘူး။အချိန်ကြာမြင့်စွာလုပ်ငန်းခွင်အတွင်းမှာနေထိုင်ရတဲ့အတွက်နစ်နာမှုရှိပါတယ်။”ဟု ပုသိမ်စက်မှုမှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် အထည်ချုပ် စက်ရုံလုပ်ငန်းများအပြင်တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့်ရေသန့်လုပ်ငန်းများလည်းအခက်အခဲရှိနေကြောင်းယင်းလုပ်ငန်း လုပ်ကိုင်သူများထံမှသိရသည်။

”မီးလာတဲ့ အချိန်နဲ့ လှည့်ဖယ်ပြီးတော့ လုပ်ဆောင်နေတယ်။ရေရှည်တောင့်မခံနိုင်တဲ့အခါကျ တော့လည်းလုပ်ငန်းရပ်ဖို့သာရှိတယ်။မီးလာတဲ့အချိန် အလုပ်လေးကြိုးစားလုပ်ရအောင်ကလည်း အချိန်ပိုင်းဖြစ်နေတော့ အတော့်ကိုခက်ခဲတာပါ။”ဟုပုသိမ်မြို့ရှိ အသေးစားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ပုသိမ်မြို့နယ်တွင် လျှပ်စစ်မီးမမှန်၍ အထည်ချုပ် လုပ်ငန်းအလုပ်များအပါအဝင်အခြားအလုပ်များပိတ်သိမ်းလာပါကလုပ်သားဦးရေသိန်းချီ၍အလုပ်လက်မဲ့ ဖြစ်လာမည်ဖြစ်ကြောင်းလုပ်သားများထံမှသိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။