Trending Now

ပုသိမ်မြို့နယ်တွင် ၂၀၂၃ခုနှစ် ရွေးကောက်ပွဲ အတွက်ဟု ဆိုကာလုံခြုံရေးဖြင့် သန်းခေါင်စာရင်းများ ကောက်ယူနေ

Spread the love

ပုသိမ်မြို့နယ်တွင် ၂၀၂၃ခုနှစ် ရွေးကောက်ပွဲ အတွက်ဟု ဆိုကာလုံခြုံရေးဖြင့် သန်းခေါင်စာရင်းများ ကောက်ယူနေ

EPN
ပုသိမ်၊ ဇူလိုင် ၂၅

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင်လာမည့် ၂၀၂၃ခုနှစ် သြဂုတ်လတွင် လုပ်မည့်ရွေကောက်ပွဲအတွက်ဟုဆိုကာ လုံခြုံရေးအစောင့်များနှင့် သန်းခေါင်စာရင်းများ လိုက်လံ ကောက်ခံယူနေကြောင်း ဒေသခံများထံမှ သိရသည်။

ပုသိမ်မြို့နယ်တွင် လာမည့် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက်ဟုဆိုကာ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများမှဇူလိုင် တတိယ အပတ်မှ
စတင်ပြီး ရဲတပ်ဖွဲ့လုံခြုံရေးဖြင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လမ်းညွှန်ချက်အရဆိုကာ သန်းခေါင်စာရင်းများ ကိုကာက်ယူနေခြင်း ဖြစ်ကြောင်း သိရသည်။

”အိမ်ကိုလာပြီး သန်းခေါင်စရင်းလာကောက်သွားတာပါ၊ လာမယ့် ၂၀၂၃ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် သန်းခေါင် စာရင်းတွေ ကောက်ခိုင်းလို့ ကောက်တာပါတဲ့သန်းခေါင်စာရင်း မရှိတဲ့သူတွေနဲ့ပျောက်သွားတဲ့သူ ပျက်သွားတဲ့လူတွေရှိရင် အသစ်လုပ်ပေးမယ်လို့လည်းပြောသွားတယ် ရဲတွေလုံခြုံ ရေးနဲ့လာကောက်သွားတာပါ။” ဟု ပုသိမ်ဒေသခံတစ်ဦး ကပြောသည်။

ပုသိမ်မြို့နယ်တွင် လုံခြုံရေးအတွက် စိတ်မချရသည့်ရပ်ကွက် နှင့် ကျေးရွာများတွင်လည်း ဒေသခံများအား ကိုယ့် အစီအစဉ်ဖြင့် ကိုယ်သန်းခေါင် စာရင်းစာရွက်ကို မိတ္တူ ၃ ခုဆွဲပြီး သက်ဆိုင်ရာသို့ မပျက်မကွက် သွားပေးပို့ ကြရန် တိုက်တွန်း ပြောဆိုသွားကြောင်း လည်း သိရသည်။

”ရွေးကောက်ပွဲအတွက် ဆိုပြီးတာဝန်ပေးလာလို့ ကောက်နေတာပါ လက်ရှိ သန်းခေါင်စရင်းကောက်ယူမှု ကို စိတ်ပါဝင်စားမှုတော့ နည်းနေပါတယ် သန်းခေါင်စာရင်း ကောက်တာဟာ ရွေးကောက်ပွဲအတွက်ဆိုတာကိုတော့ တိတိကျကျ ပြောနိုင်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုသိမ်မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်းက ကျေးရွာများအထိ ကွင်းဆင်းပြီး၂၀၂၃ခုနှစ်ရွေးကောက်ပွဲ အတွက် ဆိုကာဒေသခံများအား မှတ်ပုံတင်များကွင်းဆင်း ပြုလုပ်ခဲ့ပေးသေးကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။