Trending Now

ဖားကန့်မြို့၊ မြို့မရဲစခန်းတွင် Drone ဗုံး ၅ လုံး ကျရောက်ပေါက်ကွဲ၊ ကလေးငယ် နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်

Spread the love

ဖားကန့်မြို့၊ မြို့မရဲစခန်းတွင် Drone ဗုံး ၅ လုံး ကျရောက်ပေါက်ကွဲ၊ ကလေးငယ် နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်

EPN
ဖားကန့်၊ မတ် ၄ (၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ငပျောတောရပ်ကွက်ရှိ မြို့မရဲစခန်းအား KIA/ KPDF ပူးပေါင်းအဖွဲ့မှ ယနေ့၊ နံနက် ၁၀ နာရီ ခွဲအချိန်ခန့်တွင် Drone ဗုံး ၅ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်ရှိ မြို့မရဲစခန်းနှင့် ဗျူဟာကုန်းတပ်စခန်းတို့အား KIA၊ PDF ပူးပေါင်းအဖွဲ့မှ လက်နက်ကြီးဖြင့် လည်းကောင်း၊ Drone ဗုံးဖြင့် လည်းကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

” ဒီနေ့ တစ်ရက်ထဲ အချိန်ကိုက်မှာ ဖားကန့်မြို့၊ မြို့ရဲစခန်းနဲ့ ဗျူဟာကုန်းတပ်စခန်းတွေကို Drone ဗုံးနဲ့ လာချတယ်။ လက်နက်ကြီးနဲ့ ပစ်တယ်။ Droneဗုံး နဲ့မြို့မရဲစခန်းကို လာချလို့ ကလေးငယ် နှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ခဲ့တယ်။ အခြားထိခိုက်မှုလည်း ရှိနိုင်တယ် ” ဟု ၎င်းကရှင်းပြသည်။

ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်ရှိ မြို့မရဲစခန်းအား KIA၊ PDF ပူးပေါင်းအဖွဲ့မှ ယနေ့၊ မနက် ၁၀နာရီခွဲ အချိန်တွင် Drone ဗုံး (၅) လုံးလာချခဲ့ပြီး ၊ မော်ဝမ်းရပ်ကွက်ရှိ ဗျူဟာကုန်းတပ်စခန်းအား လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်ရာ ဗျူဟာကုန်းသို့ ကျရောက်ပေါက်ကွဲခြင်း မရှိခဲ့ပဲ ဘူးဂါးလျှပ်စစ်ဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ Drone ဗုံးများသည် မြို့မရဲစခန်း၏ မိသားစုလိုင်းခန်းများ‌ပေါ်သို့ ကျရောက်ပေါက်ကွဲသဖြင့် ရဲတပ်ကြပ်ကြီး အဆင့်ရှိသူ၏ အမျိုးသမီးမှာ ဒါဏ်များရရှိခဲ့ပြီး၊ ၂ နှစ်အရွယ် ယောကျာ်းလေး ၁ ဦးနှင့် လသားအရွယ်ကလေးငယ် ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင်း ရဲတပ်ရင်း – ၃၀မှ အခြားအဆင့်ရှိသူ၏ အမျိုးသမီး ၁ ဦးမှာလည်း ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့၍ သေဆုံးခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။

KIA၊ PDF ပူးပေါင်းအဖွဲ့သည် ဖားကန့်မြို့ရှိ ရဲစခန်းများ၊ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်း၊ Drone ဗုံးများဖြင့် တိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ပြုလုပ်ခြင်းကြောင့် ဖားကန့်မြို့ပေါ်တွင် တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား မြို့တွင်းပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိ၍ ဒေသခံပြည်သူများ အနေဖြင့် ဘေးလွတ်ရာ တိမ်းရှောင်နေရခြင်း၊ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ယာယီပိတ်သိမ်းခဲ့ရခြင်းများ ဖြစ်ပေါ်ခဲ့ရကြောင်း ‌ဖားကန့်ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာအုပ်စု တာမခံကျေးရွာအနီးရှိ တပ်မတော်လုံခြုံရေးစခန်းကို KIA၊ PDF ပူးပေါင်းအဖွဲ့မှ ဖေဖော်ဝါရီလ (၂၆) ရက်နေ့၊ ညနေ (၄)နာရီအချိန်ခန့်က စတင်တိုက်ခိုက်ခဲ့ပြီး၊ လက်ရှိအချိန်ထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

ပိုင်ကြီး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။