Trending Now

ချီဖွေမြို့တွင် (၇)တန်းအရွယ်ကျောင်းသားတစ်ဦးရေနစ်သေဆုံးခဲ့ရာ ၃ရက်မြောက်နေ့အထိ ရုပ်အလောင်း ရှာမတွေ့

Spread the love

ချီဖွေမြို့တွင် (၇)တန်းအရွယ်ကျောင်းသားတစ်ဦးရေနစ်သေဆုံးခဲ့ရာ ၃ရက်မြောက်နေ့အထိ ရုပ်အလောင်း ရှာမတွေ့

EPN

မြစ်ကြီးနား၊ စက်တင်ဘာ ၁၀

ကချင်ပြည်နယ် ချီဖွေမြို့တွင် စက်တင်ဘာလ ၈ ရက်နေ့က မေခမြစ်အတွင်း ရေဆင်းချိုးခဲ့ကာ နစ်မြုပ်ပျောက်ဆုံးနေသည့် (၇)တန်းအရွယ် ကျောင်းသား၏ ရုပ်အလောင်းကို ၃ ရက်မြောက်နေ့အထိ ရှာဖွေ မတွေ့ရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကလေးငယ်မှာ သူငယ်ချင်းများနှင့် အတူ ကျောင်းဆင်းချိန် (၁၂)နာရီခွဲခန့်က မေခမြစ်အတွင်း ရေဆင်းချိုးခဲ့ရာမှ မြစ်ရေမြင့်တက်ကာ ရေစီးသန်နေချိန်ဖြစ်သည့်အတွက်ရေစီးနှင့်အတူ မြောပါ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းမြောပါသေဆုံးခဲ့သည့် ကလေးငယ်၏ ရုပ်အလောင်းကို ယနေ့တိုင် ရှာဖွေ မတွေ့ရှိရသေးကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ ကလေးငယ်တွေက (၁၂)နာရီ ထမင်းစားကျောင်းဆင်းချိန်မှာ ထမင်းစားပြီးရေသွားချိုးကြတာ မြစ်ရေက အထက်ဘက်မှာ မိုးရွာနေတော့ ရေစီးသန်နေတယ်၊ ပထမမှာက မောင် ယိန်းယော ဆိုတဲ့ ကလေးကစနစ်တာ သွားကယ်တဲ့ မောင် ဇုန်းယော်လဲ ထပ်နစ်ကာ ဘေးနားက လူကြီးတွေက သွားကယ်တော့ မောင် ဇုန်းယော်ကိုပဲ ကယ်နိုင်ခဲ့တယ် ၊ နစ်သွားတဲ့ ယိန်းယောကိုတော့ မတွေ့ကြတော့ဘူး၊ အခုထိလဲ အလောင်ကို မတွေ့ရသေးဘူး၊ “ဟု ၎င်းကပြောသည်။

သေဆုံးသူကလေးငယ်မှာ ချီဖွေမြိုက ရစ်လော်ရပ်ကွက်ရှိ အခြေခံ ပညာ အထက်တန်းကျောင်းတွင်ပညာသင်ကြားနေသည့် Grade 8 ၊ ကျောင်းသား ဖြစ်သူ မောင် ယိန်းယော်ဆိုသူ ဖြစ်ကာ ယနေ့တိုင် ရုပ်အလောင်းကို မတွေ့ရှိရသေးကြောင်းသိရသည်။
လက်ရှိတွင် ရုပ်အလောင်ရှာဖွေရေးလုပ်ငန်းများကို စက်တင်ဘာလ ၉ ရက်နေ့မှ စတင်ကာ ရပ်ဆိုင်းထားပြီဖြစ်ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။