Trending Now

ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့သည့် အ.ထ.က(မိုင်းနောင်)ကျောင်း ပညာ့ရိပ်သာကျောင်းဆောင်သစ် ကိုးဆယ်ရာခိုင်နှုန်းပြီးစီး

Spread the love

ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့သည့် အ.ထ.က(မိုင်းနောင်)ကျောင်း ပညာ့ရိပ်သာကျောင်းဆောင်သစ် ကိုးဆယ်ရာခိုင်နှုန်းပြီးစီး

EPN
အင်းတော်ကြီး၊ မေ ၃

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ အ.ထ.က(မိုင်းနောင်)ကျောင်း၌ အသစ်တည်ဆောက်နေသည့် ပညာ့ရိပ်သာကျောင်းဆောင်သစ် တည်ဆောက်မှု (၉၀) ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါကျောင်းဆောင် တည်ဆောက်ရေးကော်မတီမှ သိရသည်။

ယင်းကျောင်းဆောင်သစ်သည့် ရပ်ရွာမှ အလှူငွေထည့်ဝင်မှုများဖြင့် ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့သည့် ကျောင်းဖြစ်ကြောင်း အဆိုပါကော်မတီအဖွဲ့က ဦးသန်းစိန်က ယခုကဲ့သို့ဆိုသည်။

“နယ်ဝေးကနေလာတဲ့ ဆရာ၊ ဆရာမတွေ နေရေးထိုင်ရေးနဲ့ ကလေးတွေ ပညာရေး အခက်အခဲမရှိဘဲ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားရေးနိုင်ရေးအတွက် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့တာ အခုဆိုရင် ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါတယ်” ဟု ၄င်းက ပြောပြသည်။

ပညာရိပ်သာကျောင်းဆောင် အောက်ထပ်(၁၈)ခန်း၊ အပေါ်ထပ်(၁၈)ခန်း စုစုပေါင်း ၃၆ ခန်းရှိ နှစ်ထပ် ကျောင်းဆောင်သစ်နှင့် ရေလောင်းအိမ်သာ နှစ်ခန်းတွဲကို ၂၀၁၉ ဇူလိူင်လ ၂၅ရက်နေ့က ရွာသူရွာသားများ ၏ ထည့်ဝင်လှူဒါန်းငွေဖြင့် ကိုယ်ထူကိုယ်ထ စတင်ဆောက်လုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါကျောင်းဆောင်အပြီးသတ်ဆောက်လုပ်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉ ၂၀၂၀ခုနှစ် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်သိန်း (၁၀၀)ကို ပံ့ပိုးကူညီခဲ့သည်ဟု သိရသည်။

အ.ထ.က (မိုင်းနောင်း)ကျောင်း ပညာ့ရိပ်သာကျောင်းဆောင်သစ် ဆောက်လုပ်နေမှု ၉၀ရာခိုင်နှုန်း ပြီးစီးနေမှုကို မေ ၂ရက် ယမန်နေ့ ညနေ ၄နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးဆန်းမင်းနှင့် အဖွဲ့မှ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး လမ်းညွန်ချက်နဲ့ ဆောက်လုပ်ရေးကော်မတီဖွဲ့ပြီး အခန်းပေါင်း(၃၆)ခန်းရှိ ၉၀’× ၃၀’× ၁၀ရှိ ပညာရိပ်သာဆောင်နှင့် အိမ်သာ ၈’ ×၄’ ×၇’နှစ်ခန်းတွဲ အိမ်သာဆောင်များကို ကျောင်းဖွင့်ရာသီချိန်အမှီ တည်ဆောက်သွားမည်ဟု သိရသည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။