Trending Now

တရုတ်နိုင်ငံမှာ တစ်ရက်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၃၇ သန်းကျော်ရှိခဲ့

Spread the love

တရုတ်နိုင်ငံမှာ တစ်ရက်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၃၇ သန်းကျော်ရှိခဲ့

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၄

တရုတ်နိုင်ငံမှာ အခုသီးတင်းပတ် တစ်ရက်ထဲအတွင်း ကိုဗစ်ကူးစက်ခံရသူ ၃၇ သန်းကျော်ရှိမယ်လို့ တရုတ်ကျန်းမာရေး အဏာပိုင်တွေက ခန်မှန်းထားကြောင်း အယ်လ်ဂျားဇီးယား သတင်းဌာနက ဖော်ပြထားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံရဲ့ လူဦးရေ ၁၈ ရာခိုင်နှုန်း( လူ ၂၄၈ သန်း) ဟာ ဒီဇင်ဘာလ ၂၀ နေ့အစောပိုင်းမှာ ကိုဗစ်ကူးစက်ခံထားရဖွယ်ရှိတယ်လို့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ချက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။

မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ကိုဗစ်စည်းမျည်း ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကြောင့် အငြင်းပွားဖွယ်ရာ ကိုဗစ်မှုဝါဒကို တရုတ်အစိုးရက ရုပ်သိမ်းလိုက်တဲ့အတွက် တရုတ်နိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

အခုအခါ ကန့်သတ်ချက်အများစုကို အစိုးရက ရုတ်သိမ်းလိုက်ပြီဖြစ်သလို အစုလိုက်အပြုံလိုက် စမ်းသပ်မှုတွေကိုရပ်တန့်လိုက်တဲ့အတွက် နိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုကို တိတိကျကျ အစီရင်ခံနိုင်ခြင်းမရှိတော့ပါဘူး။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်နဲ့ မြို့တော် ပေကျင်းမှာ နေထိုင်သူ ထက်ဝက်ကျော် ကိုဗစ်ကူးစက်ခံထားရကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ခန့်မှန်းထားပေမယ့် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အိုမီခရွန် ကိုဗစ်ကူးစက်မှုလှိုင်းတွေ တရုတ်နိုင်ငံမှာ စတင်နေပြီဖြစ်ကြောင်း နဲ့ တစ်ချိန်တည်းမှာပဲ ရောဂါဖြစ်ပွားမှု ပြင်းထန်လာနိုင်တဲ့ အန္တရာယ်ကို ကြိုတင်ပြင်ဆင်ထားဖို့ ဒေသတိုင်းကို အာဏာပိုင်တွေက သတိပေးထားပါတယ်။

— ကိုးကား —
Aljazeera
ref; One-day tally of COVID cases in China hits 37 million

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။