Trending Now

ရှမ်းပြည်နယ်တောင်ပိုင်းတွင် အမေရိကန်လုပ် ပစ္စတို သေနတ် ၅ လက် သယ်ဆောင်လာသူ နှစ်ဦးဖမ်းမိ

Spread the love

ရှမ်းပြည်နယ်တောင်ပိုင်းတွင် အမေရိကန်လုပ် ပစ္စတို သေနတ် ၅ လက် သယ်ဆောင်လာသူ နှစ်ဦးဖမ်းမိ

EPN
နမ့်စမ်း၊ ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့၊ နမ့်စန်-ခိုလမ်းသွားကားလမ်းတွင် အမေရိကန်လုပ် ပစ္စတို သေနတ် ၅ လက် နှင့် ၎င်းကျည်များသယ်ဆောင်လာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဒီဇင်ဘာ ၁၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့၊နမ့်စန်-ခိုလမ်းသွားကားလမ်း၏ နမ့်မော်ခေါက်ဆင့်ကျေးရွာအနီး၌ လုံခြုံရေးအဖွဲ့ဝင်များက ဖြတ်သန်းသွားလာနေသည့်ကားများအား တားဆီးစစ်ဆေးနေစဉ် နမ့်စန်မြို့ဘက်မှခိုလမ်မြို့ဘက်သို့ စိုင်းစွမ်ဝမ်း(ခ)စိုင်းညွန့်လူ မောင်းနင်ကာ နန်းနောင့်ခမ်း လိုက်လာသည့် REVO ကားအားစစ်ဆေးရာ ကားမောင်းသူ၏ ထိုင်ခုံအောက်တူးဘောက်အတွင်းမှ သေတ္တာ ၅ ဗူးအတွင်းထည့်ထားသည့် အမေရိကန်နိုင်ငံလုပ် SIG SAUER ပစ္စတိုသေနတ် ၅ လက်နှင့်ကျည်အိမ် ၁၀ ခုအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စိုင်းစွမ်ဝမ်း(ခ)စိုင်းညွန့်လူ (၃၃) နှစ် နှင့် နန်းနောင့်ခမ်း (၃၃) နှစ်တို့အား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုစိုင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။