Trending Now

ပမ္မတီး မြစ်ဆိပ်တွင် ကျောင်းသားတစ်ဦး သူငယ်ချင်းများနှင့်အတူ ရေဆင်းကူးရာမှ ရေနှစ်ပျောက်ဆုံးနေ

Spread the love

ပမ္မတီး မြစ်ဆိပ်တွင် ကျောင်းသားတစ်ဦး သူငယ်ချင်းများနှင့်အတူ ရေဆင်းကူးရာမှ ရေနှစ်ပျောက်ဆုံးနေ

EPN
မြစ်ကြီးနား၊ ဩဂုတ် ၂၅

မြစ်ကြီးနားမြို့၊ ပမ္မတီး မြစ်ဆိပ်တွင် ကျောင်းသားတစ်ဦး သူငယ်ချင်းများနှင့်အတူ ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးနေသည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မျိုးဆက်သစ် လူမှုကယ်ဆယ်ရေး အသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ပမ္မတီး မြစ်ဆိပ်စက်လှေဂိတ်နားတွင် သူငယ်ချင်း ၅ ယောက်နှင့်အတူ ရေဆင်းကူးခဲ့ကြပြီး၊ အားလုံး ရေထဲမျောသွားခဲ့ချိန် သူငယ်ချင်း ၅ ယောက်အား ဘေးနားရှိ လူတွေမှ ကယ်ဆယ်နိုင်ခဲ့ကြသော်လည်း အဆိုပါကျောင်းသားတစ်ဦးမှာ ရှာဖွေတွေ့ရှိခြင်းမရှိပဲ ပျောက်ဆုံးနေကြောင်း မျိူး‌ဆက်သစ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” သူတို့အားလုံးပေါင်း ၆ ယောက်လို့‌ပြောတယ်။ ရေဆင်းကူးရင်းကနေ ရေကကြီး တော့ အကုန်ရေစီးနဲ့ မျောသွားကြတာ။ကျန်တဲ့၅ယောက်က ဘေးနားကလူတွေကယ်လိုက်ကြပေမယ့် အဲ့ကျောင်းသားတစ်ယောက်တော့ ပျောက်နေတယ်။ ကျွန်တော်တို့လည်း သတင်းကြားတာနဲ့ သွားရှာခဲ့ပေမယ့် ရေကြီးတော့ ရှာရတာမလွယ်ဘူး။ ဒီနေ့တော့ မီးသတ်အဖွဲ့တွေနဲ့ ဝိုင်းဝန်းပြီး သွားရှာဖို့ရှိတယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါ ရေနစ်ပျောက်ဆုံးသူ၏ နာမည်အသက်အပြည့်အစုံအား မသိရှိရသေးကြောင်း သိရပြီး၊ ယနေ့တွင်လည်း ရေနစ်ပျောက်ဆုံးနေသည့် ကျောင်းသားအား မီးသတ်အဖွဲ့များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။