Trending Now

မြန်မာ့ပင်လယ်ပြင်တွင် ရေဝင်နစ်မြုပ်မှုဖြစ်ပွားနေသည့် ငါးဖမ်းစက်လှေပေါ်မှ လှေသားများကို တပ်မတော်စစ်ရေယာဉ်ဖြင့် ကူညီကယ်ဆယ်

Spread the love

မြန်မာ့ပင်လယ်ပြင်တွင် ရေဝင်နစ်မြုပ်မှုဖြစ်ပွားနေသည့် ငါးဖမ်းစက်လှေပေါ်မှ လှေသားများကို တပ်မတော်စစ်ရေယာဉ်ဖြင့် ကူညီကယ်ဆယ်

EPN
မြစ်ကြီးနား၊ မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၏ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းစက်လှေ ၁ စီး ရေဝင်နစ်မြုပ်နေကြောင်း ဒေသခံလှေများ၏ သတင်းပေးချက်အရ လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ရေယာဉ်က မတ် ၆ ရက် ညပိုင်းတွင် သွားရောက်ကူညီကယ်ဆယ်ပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဖော်ပြထားသည်။

အဆိုပါ ငါးဖမ်းစက်လှေသည် လှေသား ၃ ဦးလိုက်ပါ၍ မတ် ၆ ရက် ည ၇ နာရီခန့်တွင် ဓမင်းဆိပ်ကျေးရွာမှ ပင်လယ်ပြင်ရှိ ငါးဖမ်းလှေများထံသို့ ရေခဲနှင့် စက်သုံးဆီများအား ပို့ဆောင်ရန်ထွက်ခွာလာစဉ် ဖျာပုံမြစ်ဝအရောက် လှေရှိရေစုပ်ပန့်ချို့ယွင်းပြီး ရေဝင်မှုအားမထိန်းနိုင်သောကြောင့် နစ်မြုပ်ခဲ့ခြင်းဖြစ်ခဲ့သည်ဟု ဆိုသည်။

ရေဝင်နစ်မြုပ်မှုဖြစ်ပွားခဲ့သော ငါးဖမ်းလှေပေါ်မှ လှေသားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ရေယာဉ်ပေါ်သို့တင်ဆောင်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း ဖော်ပြပါရှိသည်။

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။