Trending Now

မြစ်ကြီးနားတွင် ရုပ်ရှင်ကြည့်ရှူသူနည်းပါလာသည့်အတွက် ရုပ်ရှင်ရုံ ဆက်လက်ရပ်တည်ရန်ခက်ခဲလာ

Spread the love

မြစ်ကြီးနားတွင် ရုပ်ရှင်ကြည့်ရှူသူနည်းပါလာသည့်အတွက် ရုပ်ရှင်ရုံ ဆက်လက်ရပ်တည်ရန်ခက်ခဲလာ

EPN
မြစ်ကြီးနား၊ ဧပြီလ ၃၀

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဧရာ ရုပ်ရှင်ရုံတွင် ရုပ်ရှင်ကြည့်သူ နည်းပါးသည့်အတွက် ရုပ်ရှင်ရုံဆက်လက်ရပ်တည်ရန် ခက်ခဲလာကြောင်း ဧရာရုပ်ရှင်ရုံမှ သိရသည်။

နိုင်ငံရေးအခြေအနေများ အပါအဝင် ကိုဗစ်နိုင်တင်းစည်းကမ်းချက်များကြောင့် ရုပ်ရှင်ကြည့်ရှုသူနည်းပါးနေပြီး ရုပ်ရှင်ဇာတ်ကား တစ်ကားဝယ်ဈေးလောက် လက်မှတ်ရောင်းခ မရရှိသည့်အတွက် ရုပ်ရှင်ရုံဆက်လက် ရပ်တည်ရန်ခက်ခဲလာကြောင်း ဧရာရုပ်ရှင်ရုံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” အခုကာလမှာ ကြည့်ရှူသူကသိသိသာသာ နည်းပါးတယ်၊ ဇာတ်ကားပေါ်မှာလဲအနည်းငယ်မူတည်တယ်၊ နောက်ပြီး နိုင်ငံရေးအခြေအနေတွေကြောင့်၊ ကိုဗစ်နိုင်တင်း ကြောင့် ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကြောင့်လဲပါတယ်၊ အရင်က ရုံပြည့် လာကြည့်ကြပေမဲ့ အခုက ၁၀၀ လောက်ပဲလာကြည့်တယ် ၊ စစဖွင့်တဲ့ ပထမ အပတ်မှာဆိုရင် ဆယ် ဂဏန်းပဲရှိတယ်၊” ဟု ၎င်းကပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန မှ ကိုဗစ်ရောဂါဖြစ်ပွားမှုနည်းပါးလာသည့်အတွက် လူ ၄၀၀ အထိ စုဝေးခွင့်ပြုထားသော်လည်း ရုပ်ရှင်ရုံများအတွက် ဖြေလျော့ပေးခြင်းမရှိသေးကြောင်း အဆိုပါရုပ်ရှင်ရုံမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

” ကျန်းမာရေးဝန်ကြီးဌာနကနေ နှစ်ဆန်း ၁ ရက်နေ့က ကိုဗစ်နိုင်တင်း သက်မှတ်စည်းကမ်းချက်တွေ ဖြေလျော့ပေးတာရှိတယ်၊ လူ ၄၀၀ အထိ စုဝေးခွင့်တွေလဲ ပေးနေပြီ၊ ဒါပေမဲ့ ကျနော်တို့ ရုပ်ရှင်ရုံမှာတော့ ၂၀၀ ဆံ့ရင် ၁၀၀ လောက် ၄၀၀ ဆံ့ရင် ၂၀၀ လောက်ပဲ ဝင်ခွင့်ပေးတယ်၊ ဒါ့အပြင် ထိုင်ခုံက တစ်ခုံခြားပြီး ထိုင်ရတယ်၊ အဲ့စည်းကမ်းလေးတွေတော့ကျနော်တို့ ရုပ်ရှင်ရုံအတွက် ဖြေလျော့မပေးသေးဘူး၊” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကိုဗစ်နိုင်တင်းရောဂါအခြေအနေများကြောင့် ၂ နှစ်ကျော် ရပ်နားထားရသည့်မြစ်ကြီးနားမြို့ ဧရာ ရုပ်ရှင်ရုံကို ဧပြီလ ၁၇ ရက်နေ့မှ စတင်ကာ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး လက်မှတ်ခများကို ယခင်ပုံမှန်ဈေးအတိုင်း တစ်ဦးလျှင် ၂၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်ကြား ရောင်းချပေးနေကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။