Trending Now

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို အာဆီယံအနေဖြင့် အလေးအနက်ထား၍ ကြားဝင်ဖြေရှင်းပေးရန် RCSS တိုက်တွန်း

Spread the love

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို အာဆီယံအနေဖြင့် အလေးအနက်ထား၍ ကြားဝင်ဖြေရှင်းပေးရန် RCSS တိုက်တွန်း

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၉ (၂၀၂၄)

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရန် အာဆီယံအနေဖြင့် အလေးအနက်ထား၍ ကြားဝင်ဖြေရှင်းပေးရန် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)က တိုက်တွန်းခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ RCSS ၏ ဗဟိုဌာနချုပ်ဖြစ်သော လွယ်တိုင်းလျဲန်း၌ ကျင်းပခဲ့သည့် RCSS ၂၀၂၃ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကျင်းပပြီးနောက် ယနေ့ ဇန်နဝါရီ ၂၉ ရက်တွင် RCSS က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ရန် အာဆီယံအနေဖြင့် အလေးအနက်ထား၍ ကြားဝင်‌ဖြေရှင်းပေးနိုင်ရန် RCSS က ထုတ်ပြန်တိုက်တွန်းခဲ့သည်။

၎င်းအပြင် မြန်မာနိုင်ငံ၏နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရန် RCSS အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်မှသာ မြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

သျှမ်းပြည်အမျိုးသား စည်းလုံးညီညွတ် ရေး ရေရှည်တည်တံ့ခိုင်မြဲရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ RCSS ထိန်းချုပ်နယ်မြေများအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း၊ Online ငွေကြေးလိမ်လည်ခြင်း (ကျားဖြန့်) ပိတ်ပင်တားဆီးရေးလုပ်ငန်းနှင့် လူကုန်ကူးမှုတားဆီးရေးလုပ်ငန်းတို့ကို ကြိုပမ်းဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ရေးသားထားသည်။

အစည်းအဝေး၌ ဌာနအသီးသီးမှ တင်ပြသည့် တစ်နှစ်တာလုပ်ငန်းအစီရင်ခံစာများကို ပြည်လည်သုံးသပ်ဆွေးနွေးခြင်း၊ လက်ရှိ နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေးအခြေအနေများနှင့် အခြား လုပ်ငန်းအခြေအနေများကိုလည်း သုံးသပ်ဆွေးနွေးကာ ရှေ့လုပ်ငန်းစဥ်များကိုလည်း ချမှတ်ခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။