Trending Now

ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲ စာဖြေ သံဃာတော်အား အလှူတော်ငွေများနှင့် အချိုရည်များ ဆက်ကပ်လှူဒါန်း

Spread the love

ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲ စာဖြေ သံဃာတော်အား အလှူတော်ငွေများနှင့် အချိုရည်များ ဆက်ကပ်လှူဒါန်း

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရှ ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပနေသည့် ကချင်ပြည်နယ်လုံးဆိုင်ရာ (၃၈) ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုနေကြသော စာဖြေ သံဃာတော်များ၊ သာမဏေများ၊ သီလရှင် ဆရာလေးများအား ကချင်အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး၊ သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ ဦးဇခုန်ယိန်းဆောင် မိသားစု၊ ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN) သတင်းဌာန မိသားစုများက ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အလှူငွေများနှင့် အချိုရည်များကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ပရိယတ္တိသာသနာနုဂ္ဂဟ ဆရာတော်ကြီးများအဖွဲ့မှ ကြီးမှူးပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စတင်ကာ ကျင်းပသော ကချင်ပြည်နယ်လုံးဆိုင်ရာ (၃၈) ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ စာဖြေ သံဃာတော်များ၊ ရှင်သာမဏေများ၊ သီလရှင် ဆရာလေးများ စုစုပေါင်း (၁၈၀) ကျော် ဝင်ရောက် ဖြေဆိုတော်မူကြသည်။

ရှေးဦးစွာ အလှူရှင်များက ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲကို ကြီးကြပ်ပေးနေတော်မူသော နယက ဆရာတော်ကြီးများအား ဝတ္ထုငွေများနှင့် အချိုရည်များ ဆက်ကပ်လှူဒါန်းကာ စာဖြေ သံဃာတော်များ၊ ရှင်သာမဏေများ၊ သီလရှင် ဆရာလေးများအား အလှူတော်ငွေများနှင့် အချိုရည်များကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ကချင်အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး၊ သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ ဦးဇခုန်ယိန်းဆောင် မိသားစု၊ ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN) သတင်းဌာန မိသားစုများက ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲကို ကြီးကြပ်ပေးနေတော်မူသော ကျောင်းထိုင်ဆရာတော် ၁၀ ပါး အား တစ်ပါးလျှင် နဝကမ္မ အလှူတော်ငွေ ကျပ် (၃၀၀၀၀)ဖြင့် လည်းကောင်း၊ နာယက ဆရာတော်များအား ၉ ပါးအား တစ်ပါးလျှင် နဝကမ္မ အလှူတော်ငွေ ကျပ် (၁၀၀၀၀) ဖြင့်လည်းကောင်း၊ စာဖြေ သံဃာတော်များ၊ ရှင်သာမဏေများ၊ သီလရှင် ဆရာလေးများ စုစုပေါင်း (၁၈၀) ကျော်အား နဝကမ္မ ဝတ္ထုငွေ ကျပ် (၅၀၀၀) ဖြင့် ကျပ်ငွေ (၉၀၀၀၀၀) ကျော်နှင့် အချိုရည်ဗူးများကို တစ်ပါးချင်းစီ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် အလှူရှင်များက မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင် ဆရာတော်ဘုရားကြီးအား ဖူးမျှော်ကန်တော့ကာ နဝကမ္မ အလှူတော်ငွေ ကျပ် (၅၀၀၀၀)ကိုလည်း‌ကောင်း၊ အဆိုပါကျောင်းတိုက်ရှိ ဆရာတော်အရှင်သူမြတ်များအား တစ်ပါးလျှင် နဝကမ္မ အလှူတော်ငွေ ကျပ် (၁၀၀၀၀)နှင့် အချိုရည်များကိုလည်းကောင်း လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး အလှူရှင်များက ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ ရွှေမိုးတောင်ကျောင်းတိုက်သို့ သွားရောက်ကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ဖူးမျှော်ကန်တော့ကာ အလှူတော်ငွေများနှင့် အချို‌ရည်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။