Trending Now

၂၀၂၄ ခုနှစ်မှာ အလုပ်သမားတွေအတွက် အနည်းဆုံး လုပ်အားခကို တိုးမြှင့်ပေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် အကြံပြု

Spread the love

၂၀၂၄ ခုနှစ်မှာ အလုပ်သမားတွေအတွက် အနည်းဆုံး လုပ်အားခကို တိုးမြှင့်ပေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် အကြံပြု

EPN

နိုင်ငံတကာ၊ သြဂုတ် ၃၀

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က အထည်အလိပ်၊ အထည်ချုပ်၊ ဖိနပ်၊ ခရီးသွားထုတ်ကုန်နဲ့ အိတ်ကဏ္ဍတွေမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ရေး ဆွေးနွေးဖို့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်အသစ် ဟွန်မာနက်က သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ဖနွမ်ပင်မြို့မှာရှိတဲ့ လုပ်သမား ၂၀,၀၀၀ နီးပါးနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

အနည်းဆုံးအခကြေးငွေဥပဒေမှာ သတ်မှတ်ထားတဲ့ စံနှုန်းတွေကိုအခြေခံပြီး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ အလုပ်သမားဝန်ကြီးဌာနမှာ တာဝန်ရှိတယ်လို့ ဝန်ကြီးချုပ်က အကြံပြုထားပါတယ်။

ပီချန်ဘန်း အားလပ်ရက်(ကမ္ဘောဒီးယားနိုင်ငံရဲ့ ဘာသာရေးပွဲတော်) မှာ ဇာတိမြို့ကို အလည်အပတ်သွားရောက်ကြမယ့် အလုပ်သမားတွေအတွက် မိသားစုကို သတင်းကောင်းပေးနိုင်ဖို့ ဝန်ကြီးချုပ်က ဆုံးဖြတ်ချက်ကို အမြန်ဆုံးချမှတ်နိုင်ရန် မျှော်လင့်ကြောင်း ကမ္ဘောဒီးယားနိုင်ငံပိုင် သတင်းက ဖော်ပြပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘောဒီးယားအလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခဟာ တစ်လကို ဒေါ်လာ ၂၀၀ ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းက ဖော်ပြထားပါတယ်။

Ref; FN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။