Trending Now

ဘင်္ဂလီ ၁၀၀၀ ကို ပထမဦးဆုံးအသုတ်အဖြစ် နေရပ်ပြန်လည်ပို့ဆောင်လိုကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးပြော

Spread the love

ဘင်္ဂလီ ၁၀၀၀ ကို ပထမဦးဆုံးအသုတ်အဖြစ် နေရပ်ပြန်လည်ပို့ဆောင်လိုကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးပြော

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ဘင်္ဂလီဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ရာမှာ အခုနှစ်အတွင်း ပထမအသုတ် လူဦးရေ ၁၀၀၀ ကို စတင်ပို့ဆောင်လိုကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မာဆွတ်ဘင် မိုမန်က တနင်္ဂနွေနေ့ (သြဂုတ်လ ၂၇ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့ လူဦးရေ ၃၀၀၀ ကျော်ရဲ့ စာရင်းကို စာရင်းပြုစုပြီး ပေးပို့ထားပါတယ်။ သူတို့မိသားစုတွေကို လည်း မကွဲကာစေချင်ပါဘူး။” လို့ ၎င်းက နိုင်ငံခြားရေးဝန်ကြီးရုံးမှာကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ သ တင်းထောက်တွေကို ပြောပါတယ်။
နေရပ်ပြန်လည်ပို့ဆောင်ရေးအတွက် စက်တင်ဘာလကနေ စတင်ပြင်ဆင်ဆောင်ရွက်မယ်ဆိုရင် ၎င်းတို့အနေနဲ့ အချိန်သုံးလရမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ယုံကြည်မှုတည်ဆောက်ရေးအစိတ်အပိုင်းတစ်ရပ်အဖြစ် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလီဒုက္ခသည်တွေနဲ့ ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရောင်မှာဖြစ်သလို ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာလည်း မြန် မာနိုင်ငံကို လာမယ့်လအတွင်း သွားရောက်ဖို့ စီစဉ်ထားကြောင်း ၎င်းက ပြောပါတယ်။

ဒုက္ခသည်စခန်းထဲမှာ တစ်နှစ်ကို လူဦးရေ ၃၀,၀၀၀ ဝန်းကျင်မွေးမြူနေတာမို့လို့ ဒီဒုက္ခသည်တွေအတွက် လူ သားချင်းစာနာမှုအကူအညီတွေ သိသိသာသာ လျော့ပါးလာမှုဟာ အကျပ်အတည်းတွေကို ပိုမိုဆိုးရွားလာစေ တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။

ဘေးကင်းလုံခြုံပြီး ၎င်းတို့ဆန္ဒအလျောက် ရေရှည်တည်တံ့တဲ့ နေရပ်ပြန်လည်ပို့ဆောင်ပေးရေး နှောင့်နှေးကြန့် ကြာနေမှုနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပြတ်လပ်နေတာဟာ ၎င်းတို့ဒေသကို အန္တရာယ်တွင်းထဲတွန်းပို့ နေသလိုဖြစ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးက မနေ့က ပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဘင်္ဂလီဒုက္ခသည်တွေ နေရပ်မပြန်မချင်း လူသားချင်းစာနာမှုအကူအညီတွေ ကို ဆက်လက်ထောက်ပံ့ပေးသင့်ကြောင်း ၎င်းက ပြောပါတယ်။

ဘင်္ဂလီဒုက္ခသည်အရေးဟာ ဘာတစ်ခုမှ မဖြေရှင်းနိုင်ဘဲနေလာတာ ခုနစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

လူဦးရေ ၁.၂ သန်းကျော်ရှိတဲ့ ဘင်္ဂလီဒုက္ခသည်တွေအတွက် လူမှုစီးပွားရေးဆောင်ရွက်ပေးရခြင်း၊ ဖွား/သေ လူဦးရေစာရင်းပြုစုခြင်းနဲ့ သဘာဝပတ်ဝန်းကျင်မထိခိုက်အောင် ဒုက္ခသည်စခန်းတွေဆောက်လုပ်ပေးရခြင်းလုပ် ငန်းတွေကို အခုလိုကြာမြင့်တဲ့အချိန်ကာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အကန့်အသတ်တွေနဲ့သာ ဆောင်ရွက် နိုင်တော့တယ်လို့ဆိုပါတယ်။

ဘင်္ဂလီဒုက္ခသည်တွေအနေနဲ့ ၎င်းတို့နေရပ်ကို ဘေးကင်းလုံခြုံပြီး သိက္ခာရှိစွာ ပြန်လည်ဝင်ရောက်လိုတဲ့ ပြင်းပြ တဲ့ဆန္ဒနဲ့ အခွင့်အရေးရှိတယ်လို့ ဆိုပါတယ်။

ဘင်္ဂလီဒုက္ခသည်တွေဟာ ၎င်းတို့ရဲ့ယဉ်ကျေးမှုသရုပ်လက္ခဏာကို ပြန်လည်ထိန်းသိမ်းပြီး မြန်မာနိုင်ငံက ရခိုင် ပြည်နယ်ထဲကို အဆင်ပြေချောမွေ့စွာပြန်လည်ပေါင်းစည်းဝင်ရောက်နိုင်ဖို့အတွက် ဒုက္ခသည်စခန်းတွေထဲမှာ မြန်မာသင်ရိုးညွှန်းတမ်းအတိုင်း မြန်ဘာသာစကားတွေကို သင်ယူနေကြရာမှာ တိုးတက်မှုတွေ ရရှိလာပြီလို့ ဆို ပါတယ်။

Ref: Repatriation process expected to begin with 1,000 Rohingyas: The Nation

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။