Trending Now

ဖားကန့်မြို့နယ်တွင် အင်တာနက်များ ပြန်လည် ဖျက်တောက်ခံထားရ

Spread the love

ဖားကန့်မြို့နယ်တွင် အင်တာနက်များ ပြန်လည် ဖျက်တောက်ခံထားရ

EPN
မြစ်ကြီးနား မေလ ၂၈

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယခုလ ဒုတိယပတ်ခန့်က စတင်ကာ အင်တာနက်လိုင်းများ ပြန်လည်ဖြတ်တောက်ခံထားရကြောင်း ဖားကန့်မြို့နယ်ရှိ ဒေသခံများထံမှ သိရသည်။

ယခင်က ဖားကန့်မြို့နယ်တွင် ပထမအကြိမ်အင်တာနက်များဖြတ်တောက်ပြီးနောက် ၂၀၂၁ ခုနှစ်နိုဝင်ဘာလ ဒုတိယအပတ်ခန့်က စတင်ကာ နေရာအချို့တွင် MPT နှင့် Mytel အင်တာနက်လိုင်းများ ပြန်လည် ရရှိနေပြီဖြစ်သော်လည်း ယခုနှစ် မေလ ဒုတိယပတ်ခန့်ကအင်တာနက်လိုင်းများ မရရှိတော့ ကြောင်း ဖားကန့်မြို့နယ်နေ ဒေသခံတစ်ဦးကပြောသည်။

” ကျနော်တို့ ဖားကန့်ကို ပထမအကြိမ် အင်တာနက်တွေဖြတ်လိုက်ပြီးနောက် နိုဝင်ဘာလ မှစတင်ကာ တာဝါတိုင် အောက်တွေနဲ့ အချို့ ရပ်ကွက် အမြင့်ပိုင်းတွေမှာ အင်တာနက်လိုင်းတွေ ပြန်ရခဲ့တယ်၊ အခုမေလ အတွင်းမှာတော့ အင်တာနက်လိုင်းတွေ ပြန်ပြီးအဆင်မပြေလာတော့ဘူး ၊ သုံးလို့ကိုမရတော့တာ ၊ ဒါကြောင့် ဂြိုလ်တု ဝိုင်ဖိုင်ရတဲ့ ဆိုင်တွေမှာပဲ တစ်နာရီ တစ်သောင်းနှုန်းပေးပြီး ပြန်သုံးနေရတယ်၊ ” ဟု ၎င်းကပြောသည်။

လက်ရှိ ဖားကန့်မြို့နယ်အတွင်း ဂြိုလ်တု ဝိုင်ဖိုင်များရရှိသော ဆိုင် စုစုပေါင်း ၁၅ ဆိုင်ခန့်ရှိနေပြီး တစ်နာရီလျှင် တစ်သောင်းကျပ်အထိ ပေးဆောင်ကာ အင်တာနက်အသုံးပြုနေရကြောင်း သိရသည်။

ဖားကန့်မြို့နယ်နှင့် အနီးတဝိုက်အား စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့မှ စတင်၍ အင်တာနက်လိုင်းများအား ပိတ်ထားခဲ့ခြင်း ဖြစ်ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်မှ စတင်ကာအချို့နေရာများတွင် အင်တာနက်များ ပြန်လည်ရရှိခဲ့ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။