Trending Now

ထိုင်နိုင်ငံ၌ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် မြန်မာ ၅၆ ဦး ယနေ့ ထပ်မံဖမ်းဆီးခံရ

Spread the love

ထိုင်နိုင်ငံ၌ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် မြန်မာ ၅၆ ဦး ယနေ့ ထပ်မံဖမ်းဆီးခံရ
EPN
မြစ်ကြီးနား၊ မေ ၉
ထိုင်နိုင်ငံ၌ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် ကလေးငယ် ဆယ်ဦး အပါအဝင် မြန်မာနိုင်ငံသား ၅၆ ဦး ယနေ့ ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံ မဲဆောက်သတင်းဌာနက ဖော်ပြထားသည်။
တာ့ခ်ခရိုင် ဖါ့ဖရာ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် တာခ့်ခရိုင်အတွင်းရှိ မှုး(၁)ကျေးရွာအနီး၌ ကင်းလည့်ခြင်းလုပ်ငန်းတာဝန်များ ဆောင်ရွက်နေစဉ် မြန်မာနိုင်ငံမှ တရားမဝင် ခိုးဝင်လာသော အမျိုးသား ၂၄ ဦး နှင့် အမျိုးသမီး ၈ ဦး စုစုပေါင်း ၃၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။
အလားတူ ထိုင်းစစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တစ်ခုကလည်း မူး(၁) ကျေးရွာအနီးရှိ တောအုပ်တစ်ခုအတွင်း ကလေးငယ် ၁၀ ဦးနှင့်အတူ ပုန်းခိုနေသည့် မြန်မာနိုင်ငံသား အမျိုးသား ၇ ဦး နှင့် အမျိုးသမီး ၇ ဦးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။
ဖမ်းဆီးရမိသူ စုစုပေါင်း ၅၆ ဦးအား ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး အရေးယူဆောင်ရွက်နိုင်ရန်အတွက် တာ့ခရိုင် ဖါဖရာရဲစခန်းသို့ လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။