Trending Now

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို အချိန်တန်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပေးမယ်လို့ဆို

Spread the love

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို အချိန်တန်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပေးမယ်လို့ဆို

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၉

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်ဟေဇာ နဲ့ မြန်မာနိုင်ငံရဲ့ အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြား အချိန်တန်ရင် တွေ့ဆုံမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပွင့်လင်းမြင်သာစွာ ပြောကြားခဲ့ကြောင်း ကုလသမဂ္ဂက မနေ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ကုလအထူးကိုယ်စာလှယ် နိုလင်ဟေဇာတို့ နေပြည်တော်မှာ တွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို စောင့်ရှောက်မှုပေးဖို့ ချက်ချင်းလုပ်ဆောင်ပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပြုခဲ့ကြောင်း ကုလသမဂ္ဂ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟဒ် ကပြောပါတယ်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလနောက်ပိုင်းကတည်းက မြန်မာနိုင်ငံတွင် ဆူပူအုံကြွမှုများဖြစ်ပေါ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အဂတိလှိုက်စားမှုများ နဲ့ တရားစွဲဆိုခဲ့ပါတယ်။ လက်ရှိမှာ သူမကို နေပြည်တော်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး အစိုးရက သူမကို အပြင်လူတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ ငြင်းဆိုထားပါတယ်။

ကုလသမဂ္ဂ အထူးသံတမန်ရဲ့ မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ်အတွင်းမှာ အကြမ်းဖက်မှု အားလုံးကို အမြန်ဆုံး ရပ်တန့်ဖို့ ၊ အရပ်သား အုပ်ချုပ်မှု နဲ့ ဒီမိုကရေစီနိုင်ငံရေး လမ်းကြောင်းကို ဖော်ဆောင်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် ပြန်ပို့ပေးဖို့ နဲ့ တွေ့ဆုံခွင့်ပေးဖို့အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ ရဲ့ လူသားချင်းစာနာမှု၊ လုံခြုံရေး၊ စီးပွားရေး နဲ့ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က အလွန်အမင်း စိုးရိမ်ပူပန်နေကြောင်း၊ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ နိုင်ငံအများအပြားက ရှုတ်ချခဲ့တဲ့ ကွပ်မျက်မှုအပြီးမှာ သေဒဏ်စီရင်မှုတွေ ဆိုင်းငံ့ထားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ကုလရဲ့ တောင်းဆိုချက်များအပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရပ်သားတွေအတွက် အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီ နဲ့ အကာအကွယ်ပေးရေးတို့အတွက် အဆိုပြုချက်များကို ဆက်လက်ဆွေးနွေးဖို့ ပွင့်လင်းမြင်သာမှုရှိဖို့အတွက် နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီက ကတိကဝတ်ပြုခဲ့ပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖိုရမ်တစ်ခုအတွက် နိုလင်ဟေဇာရဲ့ အဆိုပြုချက်ကို လေ့လာဖို့အတွက် န.စ.က က နောက်ဆက်တွဲအစည်းအဝေးပြုလုပ်ခဲ့တယ်လို့ ဖာဟန်ဟဒ် ကပြောပါတယ်။

အစည်းအဝေးမှာ အဆိုပါအခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အနီးကပ်ပူးတွဲလုပ်ဆောင်ကြဖို့ နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြပြီး ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေကို အကူအညီပေးအပ်ဖို့ကိုလည်း သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

ထိန်းသိမ်းခံထားရတဲ့ ကလေးတွေ ပြန်လည်လွတ်ပေးဖို့အတွက် နိုလင်ဟေဇာရဲ့ တောင်းဆိုချက်အပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသက် ၁၂ နှစ်အောက် ကလေးများအား အကျဉ်းထောင် သို့မဟုတ် အခြား အဆောက်အအုံတွေမှာ ထိန်းသိမ်းထားမှာ မဟုတ်ဘူးလို့ အာမခံချက်ပေးခဲ့ပြီး အသက် ၁၆ နဲ့ ၁၇ နှစ်ကြား ကလေးတွေကိုလည်း ပေါ့ပေါ့ပါးပါး စီရင်ချက်ချမယ်လို့ ကတိပြုခဲ့ကြောင်း ဖာဟန်ဟဒ် ကပြောကြားခဲ့ပါတယ်။

source – bs

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။