Trending Now

ဟိုပင်မြို့တွင် အမျိုးသားတစ်ဦးထံမှ ငွေကျပ် သိန်းတစ်ထောင်နီးပါး တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love

ဟိုပင်မြို့တွင် အမျိုးသားတစ်ဦးထံမှ ငွေကျပ် သိန်းတစ်ထောင်နီးပါး တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၇ (၂၀၂၄)

မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင် အမျိုးသားတစ်ဦးထံမှ ငွေကျပ်သိန်း တစ်ထောင်နီးပါး တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဇန်နဝါရီ ၁၄ ရက်‌နေ့တွင် ဖမ်းဆီးရမိကြောင်း ဟိုပင်နယ်မြေရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ မြို့မ (တောင်)ရပ်ကွက်တွင် နော်ဒင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား မူးယစ်သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၇၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။

ယင်း မူးယစ်ဆေးဝါးများသယ်ဆောင်လာသူအား စစ်ဆေးဖော်ထုတ်ချက်အရ ဇန်နဝါရီ ၁၄ ရက်တွင် ၎င်းနေထိုင်သည့် ဟိုပင်မြို့၊ မြို့မ (မြောက်) ရပ်ကွက်၊ သီရိစန္ဒာလမ်းရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃.၆ သိန်း)အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး
နော်ဒင် (၄၈)နှစ်အား ဟိုပင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။