Trending Now

ကချင်ပြည်နယ် ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန်မှ မန်စီမြို့နယ် စီခန်းကြီးကျေးရွာ ဒေသခံ ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

Spread the love

ကချင်ပြည်နယ် ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန်မှ မန်စီမြို့နယ် စီခန်းကြီးကျေးရွာ ဒေသခံ ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

EPN
ဗန်းမော်၊ ဖေဖော်ဝါရီ ၂၂ (၂၀၂၄)

ကချင်ပြည်နယ် ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန်မှ ဗန်းမော်မြို့နယ်၊ မင်းကုန်းရပ်ကွက်ရှိ မန်စီမြို့နယ် စီခန်းကြီးကျေးရွာ ဒေသခံ ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန်မှ မန်စီမြို့နယ် စီခန်းကြီးကျေးရွာ ဒေသခံ ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ဖေ ဖော်ဝါရီ ၂၂ ရက်နေ့၊ နံနက် ၁၀နာရီ ၅၀ မိနစ်က ဗန်းမော်မြို့နယ်၊ မင်းကုန်းရပ်ကွက်ရှိ သိမ်မဟာစေတီတော် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မာင်ထွေး၊ ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးကျော်မင်းခိုင် တို့နှင့်အတူ ခေတ္တတည်းခိုလာသော ဒေသခံ ပြည်သူများအား ၆ပြည်ပါ ဆန်အိတ် ၂၀၀၊ပန်းမုံလာ၊ ခရမ်းချဉ်းသီး၊ အာလူးနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ခဲ့ကြရာ ဒေသခံပြည်သူများက အသီးသီး လက်ခံရယူခဲ့ကြသည်။

မန်စီမြို့နယ်၊ စီခန်းကြီးကျေးရွာမှ ပြည်သူများသည် ဗန်းမော်မြို့သို့ ဖေဖော်ဝါရီ ၁၇ ရက်မှ စတင်၍ ဗန်းမော်မြို့ရှိ ဆွေမျိုးအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများသို့ ခေတ္တတည်းခိုလာခဲ့ကြရာ အိမ်ထောင်စု ၂၁၃ စု၊ ကျား ၃၉၉ ဦး၊ မ ၄၈၇ ဦး၊ လူဦးရေစုစုပေါင်း ၈၈၆ ဦးဖြစ်ကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။