Trending Now

မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရုတ်အကူအညီဖြင့် တစ်နိုင်ငံလုံး လျပ်စစ်ဓါတ်အားရရှိပြီးဟု တရုတ်သံရုံးထုတ်ပြန်

Spread the love

မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရုတ်အကူအညီဖြင့် တစ်နိုင်ငံလုံး လျပ်စစ်ဓါတ်အားရရှိပြီးဟု တရုတ်သံရုံးထုတ်ပြန်

EPN
မြစ်ကြီးနား၊ မေ ၁၂

မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်နိုင်ငံ၏ အကူအညီဖြင့် အိန္ဒိယနှင့် ပါကစ္စတန်တို့ကို ကျော်လွန်၍ တောင်အာရှတွင် ပထမဆုံး တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိသည့်နိုင်ငံ ဖြစ်လာကြောင်း တရုတ်သံရုံးက ယမန်နေ့ ညပိုင်းက ထုတ်ပြန်လိုက်သည်။

တရုတ်နိုင်ငံအကူအညီနှင့် ဆောင်ရွက်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းဖြစ်သော “Pajala 2×660 MW Ultra-Supercritical coal-fired power station” သည် မကြာသေးမီက ဆောက်လုပ် ပြီးစီးခဲ့ပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တရားဝင် စတင်လည်ပတ်ပြီးနောက် နှစ်စဉ် ဓာတ်အား ၈.၅၈ ဘီလီယံ kWh ခန့် ထောက်ပံ့ပေးနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံက အဆိုပါစိမံကိန်းကို ၂၀၁၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး အာရှတွင် တတိယမြောက်၊ ကမ္ဘာပေါ်တွင် ဆယ့်နှစ်ခုမြောက် Ultra-Supercritical နည်းပညာအသုံးပြုသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံဖြစ်ကာ ထိရောက်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့တွင် ထိပ်တန်းနေရာ၌ ရှိနေကြောင်းထည့်သွင်းဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှတ်ဟာစီနာက အဆိုပါစီမံကိန်းဟာ ဒေသ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုဘဝ ကောင်းမွန်လာစေရေးအတွက် အားကောင်းစွာ အာမခံချက်ပေးနိုင်မည်ဖြစ်၍ တရုတ်နိုင်ငံ၏ အကူအညီပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တည်ဆောက်ပြီးစီးပြီဖြစ်သော Pajala ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအပြင် Balapukulia ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ တို့ကိုလည်း တိုးချဲ့တည်ဆောက်နေကြောင်း သံရုံး၏ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။