Trending Now

ဆောင်းဘောက်အတွင်း မူးယစ်ဆေးဝါး သိုဝှက်သယ်ဆောင်လာသူများကို ဥပဒေအရအရေးယူ

Spread the love

ဆောင်းဘောက်အတွင်း မူးယစ်ဆေးဝါး သိုဝှက်သယ်ဆောင်လာသူများကို ဥပဒေအရအရေးယူ

EPN
ဟိုပင်၊ မေ ၁၉

မိုးညှင်းမြို့နယ် ဟိုပင်မြို့ အနောက်ဘက် (၉)မိုင်ခန့်အကွာ နန့်မွန်း-ဟိုပင်သွား ကားလမ်းပေါ်တွင် ဆိုင်ကယ်စီးလာသူများကို မသင်္ကာ၍ စစ်ဆေးရာ သီချင်းဖွင့်ထားသည့် ဆောင်းဘောက်အတွင်း မူးယစ်ဆေးဝါးများ ရှာဖွေ ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေအရ အရေးယူထားရှိကြောင်း ဟိုပင်နယ်မြေရဲစခန်းမှ သိရသည်။


ဟိုပင်နယ်မြေစခန်းမှူး ဗိုလ်ဗိုလ်ကျော်၏ လမ်းညွန်ချက်အရ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ဗိုလ်ဗိုလ်ကျော် နှင့် တပ်ဖွဲ့ဝင်များဖြစ်ကြသည့် ရဲတပ်ကြပ်ကြီး တိုးတိုးဦး၊ ရဲတပ်ကြပ်ဝေဖြိုးဦး၊ ဒုတပ်ကြပ်ရဲသီဟ၊ တပ်သားအောင်ကိုလတ်နှင့် ဇေသူလွင်တို့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ အဆိုပါ နေရာတွင် စောင့်ဆိုင်းနေစဉ် နန့်မွန်းမြို့ဘက်မှ ဟိုပင်မြို့ဘက်သို့ မောင်းနင်လာသည့် ဆိုင်ကယ်နှစ်စီးကို ရပ်တန့် ရှာဖွေရာ ကျော်သက် မောင်းနှင်ပြီး အောင်မြင်သူ လိုက်ပါလာသည့် ဆိုင်ကယ် ဆိုင်ကယ်ခွကြားမှ သီချင်းဖွင့်ထားသည့် ဆောင်းဘောက်အတွင်း သိုဝှက် သယ်ဆောင်လာသည့် Love is flower စာတမ်းပါ ဆပ်ပြာခွက်(၇)အတွင်း ဘိန်းဖြူ ဟုယူဆရသောဖြူ ဝါကြားရောင် ၁၀ ဂရမ်ခန့်ဆီပါ အထုတ်(၇)ထုတ်၊ စုစုပေါင်း အလေးချိန်(၇၀)ဂရမ်ခန့်ကို ရှာဖွေတွေ့ခဲ့သဖြင့် ဥပဒေနှင့်အညီ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သက်သေများရှေ့တွင် စစ်ဆေး မေးမြန်းရာ ကျော်သက်၊ အောင်မြင့်သူနှင့် သိန်းလွင် (ခ)မောင်လွင်တို့ (၃)ဦးမှ ပြန်လည်ရောင်းချရန် အတွက် နန့်မွန်းမြို့ရပ်ကွက် (၂) နေ မဌေးထံက စပ်တူဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။

ယင်းကဲ့သို့ စစ်ဆေးပေါ်ပေါက်ချက်အရ ဆေးဝါး နေအိမ်ရှာဖွေခွင့် ဝရမ်းဖြင့် နန့်မွန်းမြို့ရပ်ကွက် ၂ ရှိ မဌေး၏ နေအိမ်ကို သွားရောက်ရှာဖွေခဲ့ရာ မဌေးဆိုသူမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး၊ ၄င်း၏နေအိမ်တွင် မူးယစ်ဆေးဝါး တစ်စုံတစ်ရာ မတွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိတွင် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ကျော်သက်၊ အသက်(၂၈)နှစ်၊ (ဘ) ဦးမောင်လှိုင် အေးချမ်းသာယာ ကျေးရွာ၊ ပုလဲမြို့နေသူနှင့် အောင်မြင့်သူ (၂၁)နှစ်၊ (ဘ)ဦးကျော်ဝေ လိပ်စာတူ၊ သိန်းလွင်(ခ)မောင်လွင် (၃၆)နှစ် (ဘ) ဦးတင်မောင်၊ လယ်ပုံတန်းရပ်ကွက် ၂ နေသူနှင့် မဌေး(၃၈)နှစ်၊ (ဘ)ဦးပေါက်စ နန့်မွန်းရပ်ကွက် ၂ နေသူတို့ကို ဟိုပင်နယ်မြေရဲစခန်းက မယ(ပ) ၄၄/၂၀၂၀ မူး/စိတ် ပုဒ်မ ၁၉(က) / ၁၉ (က)၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မိုးဟိန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။