Trending Now

မြန်မာနိုင်ငံတွင် အမြဲနေထိုင်ခွင့်လျောက်ထားသူ နိုင်ငံခြားသား စုစုပေါင်း ၇၁၂ ဦးရှိ

Spread the love

မြန်မာနိုင်ငံတွင် အမြဲနေထိုင်ခွင့်လျောက်ထားသူ နိုင်ငံခြားသား စုစုပေါင်း ၇၁၂ ဦးရှိ

EPN

မြစ်ကြီးနား၊ မတ် ၁၂

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှ စတင်၍ နိုင်ငံအတွင်း အမြဲနေထိုင်ခွင့်လျောက်ထားသူ နိုင်ငံခြားသား စုစုပေါင်း ၇၁၂ ဦးရှိ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ယနေ့ သတင်းထုတ်ပြန်ထားသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် မတ် ၁၀ ရက်အထိ လျှောက်ထားသူနှင့် မိသားစုအပါအဝင် စုစုပေါင်း ၇၁၇ ဦးရှိပြီး အတည်ပြုခွင့်ပြုပေးပြီးသူ မိသားစု အပါအဝင် ၆၁၇ ဦးရှိပြီဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံအတွင်း အဆိုပါနိုင်ငံခြားသား အမြဲနေထိုင်ခွင့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး PR နည်းဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းလျှောက်ထားသူများအနက် PR နည်းဥပဒေအရ ငြင်းပယ်ခဲ့သူ ခုနစ်ဦး၊ လျှောက်ထားခြင်းအား ပြန်လည်ပယ်ဖျက်သူ တစ်ဦး၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေအရ ဗဟိုကော်မတီမှ မစိစစ်ရသေးသူ မိသားစုအပါအဝင် ၁၁ ဦးရှိကြောင်းလည်း ဖော်ပြထားသည်။

နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အစည်းအဝေးတွင် ယခင်အစိုးရလက်ထက်က စိစစ်ပြီးသူများအနက် မြန်မာနိုင်ငံတွင် လက်ရှိရှိနေသည့် မိသားစုဝင်အပါအဝင် စုစုပေါင်း ၃၀ အတွက် လူတွေ့စစ်ဆေးအကဲဖြတ် ဆောင်ရွက်မည်ဖြစ်ပြီး အတည်ပြုပြီးပါက နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဝလုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။