Trending Now

အမှတ် (၁၁) ခြေမြန်တပ်ရင်းမှ အင်းတော်ကြီးဒေသ နန့်မွန်းတိုက်နယ်ဆေးရုံနှင့် ဘုန်းတော်ကြီးကျောင်းသို့ ဆေးဖြန်းခြင်းနှင့်အင်အားပြည့် အာဟာရများလှူဒါန်း

Spread the love

အမှတ် (၁၁) ခြေမြန်တပ်ရင်းမှ အင်းတော်ကြီးဒေသ နန့်မွန်းတိုက်နယ်ဆေးရုံနှင့် ဘုန်းတော်ကြီးကျောင်းသို့ ဆေးဖြန်းခြင်းနှင့်အင်အားပြည့် အာဟာရများလှူဒါန်း

EPN
အင်းတော်ကြီး၊ မေ ၁၁

မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ နန့်မွန်းမြို့တိုက်နယ်ဆေးရုံနှင့်ဘုန်းတော်ကြီးကျောင်းသို့ ယမန်နေ့ မေလ ၉ရက်နေ့ နံနက် ၈နာရီအချိန်က တပ်မအမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်း အမှတ် (၁၁) ခြေမြန်တပ်ရင်း မှဦးစီး၍ဆေးဖြန်းခြင်းနှင့် အင်အားပြည့်အာဟာများသွားရောက်လှူဒါန်း ခဲ့သည်ဟု သိရသည်။

” COVID-19 ကပ်ရောဂါအချိန်မှာ အခက်အခဲ တွေ လူတိုင်းမှာရှိပါတယ် ဆေးရုံရှိ လူနာနှင့် ဝန်ထမ်းများနှင့် ဘုန်းတော်ကြီးကျောင်းများကို ဆေးဖြန်းခြင်းနှင့် Mask မတ် ကြက်ဥ ကောဖီမစ် ကြက်သွန် နှင့် အာဟာရပြည့်ဝစေရေးအတွက် သွားရောက်လှူဒါန်းခဲ့ပါတယ်”ဟု ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်းမှ ပြောသည်။

နန့်မွန်းမြို့ တိုက်နယ်ဆေးရုံရှိ လူနာများနှင့်ဝန်ထမ်းများ နန့်မွန်းမြို့ သီရီမင်္ဂလာ ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းတွင် COVID-19 ကာကွယ်နိုင်ရေးအတွက် ဆေးဖြန်းခြင်း ဆရာတော်/သံဃာတော်/သာမဏေများအား Mask များ အင်အားပြည့် အာဟာရအစား အစားများ လှူဒါန်းပေးခြင်း၊ ဓမ္မာရုံ ဆွမ်းစားဆောင်၊ ကုဋီဆောင်များအား ပိုးသတ်ဆေးများ ပတ်ဖြန်းပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် လှူဖွယ်ဝတ္တုများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အမှတ် (၁၁)ခြေမြန်တပ်ရင်းမှ အင်းတော်ကြီးဒေသရှိ ဘုန်းတော်ကြီးကျောင်းများ ဆေးရုံများ စျေးများကို လည်းဆက်၍ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။