Trending Now

ကချင်ပြည်နယ်ကြက်ခြေနီအသင်းနှင့် DRC တို့ ပူးပေါင်း၍ တိုက်ပွဲရှောင်ပြည်သူများကို တစ် နှစ် စီမံချက်ဖြင့် ထောက်ပံ့

Spread the love

ကချင်ပြည်နယ်ကြက်ခြေနီအသင်းနှင့် DRC တို့ ပူးပေါင်း၍ တိုက်ပွဲရှောင်ပြည်သူများကို တစ် နှစ် စီမံချက်ဖြင့် ထောက်ပံ့

 

EPN
မြစ်ကြီးနား၊ မတ် ၁၅

ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်း (DRC)တို့ ပူးပေါင်းကာ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်လေးမြို့နယ်မှ တိုက်ပွဲရှောင်ပြည်သူများကို တစ်နှစ်စီမံချက်ဖြင့်ထောက်ပံ့မည်ဖြစ်ပြီးလက်ရှိအချို့နေရာများတွင်ကူညီထောက်ပံ့ မှုများပေးနေပြီဖြစ်ကြောင်းသိရသည်။

ယင်းစီမံချက်သည် “အကန့်သတ်မဲ့ကူညီထောက်ပံ့ခြင်း” ခေါင်းစဉ်ဖြင့်ဆောင်ရွက်ခြင်း ဖြစ်ပြီး ကချင်ပြည်နယ် အတွင်းရှိ မိုးညှင်း၊မိုးကောင်း၊ ဗန်းမော်၊မြစ်ကြီးနား စသည့် လေးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများကို တစ် နှစ်စီမံချက်ဖြင့် ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ကြက် ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးဘရန်ဒီးက ဆိုသည်။

“ဒီကန့်သတ်မဲ့ထောက်ပံ့တဲ့ဟာက အဓိကစစ်ရှောင်ပြည်သူတွေကို ဦးစားပေးပြီးတော့မှ ထောက်ပံ့တာ ဖြစ်ပါတယ်။ဒီရွေးချယ်မှုမှာလည်း အများရဲ့ကူညီထောက်ပံ့မှုသိပ်မရတဲ့ ဒီစစ်ရှောင် စခန်းတွေကို ရွေးချယ်တာဖြစ်ပါတယ်။”ဟု ဦးဘရန်ဒီးကပြောသည်။

ယင်းတိုက်ပွဲရှောင်ပြည်သူများကို ထောက်ပံ့ရာတွင် လူဦးရေများသည့်အိမ်ထောင်စု၊နာတာရှည် ရောဂါသည်ရှိသည့်အိမ်ထောင် စု၊ဝင်ငွေမရှာနိုင်သည့်အိမ်ထောင်စုများကို ပိုမိုဦးစားပေးထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဤသို့ကူညီထောက်ပံ့နိုင်ရေးအတွက် မြို့နယ်လေးခုအတွင်းမှ တိုက်ပွဲ ရှောင်ပြည်သူများ၏ လူဦးရေစာရင်းများကို ဧပြီလက ကောက်ယူပြီးစီးခဲ့ပြီဖြစ်ပြီးအချို့နေရာရှိ စစ်ရှောင်ပြည်သူများကို တစ်အိမ်ထောင်လျင်ကျပ်သုံးသိန်းနှုန်းဖြင့်အစပျိူးကူညီထောက်ပံ့ပေးနေဖြစ်ကြောင်းသိရသည်။

ထို့ပြင်ယခု ကိုဗစ်-၁၉ကာလအတွင်း ကချင်ပြည်နယ် ကြ က်ခြေနီကြီးကြပ်မှုကော်မတီအနေဖြင့် တိုက်ပွဲရှောင်စခန်းများတွင်၊ကျန်းမာရေးအသိပေးခြင်း၊ ရောဂါကာကွယ်ရေးလမ်းညွန်ပိုစတာများလိုက်လံ ကပ်ပေးခြင်း၊စားနပ်ရိက္ခာများထောက်ပံ့ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိနေကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။