Trending Now

အများပြည်သူ သွားလာအသုံးပြုနေတဲ့ မုံရွာ – ပုသိမ် ကားလမ်းမှာ အကြမ်းဖက်သမားတွေက မိုင်းထောင်ထားလို့ သက်ဆိုင်ရာက ဖယ်ရှားရှင်းလင်း

Spread the love

အများပြည်သူ သွားလာအသုံးပြုနေတဲ့ မုံရွာ – ပုသိမ် ကားလမ်းမှာ အကြမ်းဖက်သမားတွေက မိုင်းထောင်ထားလို့ သက်ဆိုင်ရာက ဖယ်ရှားရှင်းလင်း

EPN
ဆားလင်းကြီး၊ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ မုံရွာ – ပုသိမ်ကားလမ်းမှာ အကြမ်းဖက်သမားတွေက မိုင်းထောင်ထားတဲ့အတွက် အများပြည်သူ ထိခိုက်သေဆုံးမှု မရှိစေရန် သက်ဆိုင်ရာ မိုင်းရှင်းလင်းရေး အဖွဲ့က ဖေဖော်ဝါရီ ၂၁ ရက်၊ မနေ့က တစ်နေကုန်နီးပါး ရှင်းလင်းဖယ်ရှားပေးခဲ့တယ်လို့ ကားသမားတွေထံက သိရပါတယ်။

“မုံရွာနယ် ချင်းတွင်းမြစ်ကူး တံတားကနေ မုံရွာ ဆားလင်းကြီး ညောင်ပင်ကြီး ယင်းမာပင်လမ်းဆုံ နေရာအထိ ရှင်းလင်းဖယ်ရှားပေးတာပါ” လို့ ကုန်စည်ပို့ဆောင်ပေးနေတဲ့ ကားသမားတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ အများသုံးကားလမ်း မိုင်းရှင်းလင်းပေးနေတာနဲ့ ပတ်သက်လို့ ယင်းမာပင်ခရိုင် စီမံခန့်ခွဲရေး ရုံးအဖွဲ့နဲ့ နီးစပ်သူ တစ်ယောက်က “ချင်းတွင်းတံတားကနေ လက်ပံတောင်း လမ်းဆုံနေရာအထိ မိုင်းရှင်းလင်းတာပါ၊ ဒါက ဒုတိယအကြိမ်ဖြစ်တယ်၊ ပထမအကြိမ်တုန်းက ပေပါစည် မိုင်းအပါပဝင် မိုင်း အလုံးရေ ၄၀ ကျော်ဖယ်ရှားခဲ့ရတယ်၊ မနေ့က ရှင်းလင်းတဲ့အခါ ဖုန်းရီမုတ်မိုင်း ၁ လုံး၊ ရှော့တိုက် ကွန်ကရစ်မိုင်း ၈ လုံး၊ ရှော့တိုက်မိုင်း ၇ လုံးနှင့် ဆက်စပ်ပစ္စည်းများ ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့တယ် ” လို့ ဆိုပါတယ်။

အကြမ်းဖက်သမားတွေက မိုင်းတွေများစွာ ထောင်ထားတဲ့ မုံရွာ ပုသိမ်ကားလမ်းဟာ ချင်းတွင်းမြစ်ရဲ့ အနောက်ဘက်ကမ်း ဒေသအတွက် ကုန်စည်ပို့ဆောင်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအတွက် အဓိကကျပြီး တစ်ခုတည်းသော ပင်မမိန်းလမ်းမကြီးဖြစ်တယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။