Trending Now

ရုရှားရေတပ်မှာ အသံထက်ကိုးဆမြန်တဲ့ Zircon ဒုံးပျံတွေကို လပိုင်းအတွင်း တပ်ဆင်သွားမယ်လို့ ပူတင်ပြော

Spread the love

ရုရှားရေတပ်မှာ အသံထက်ကိုးဆမြန်တဲ့ Zircon ဒုံးပျံတွေကို လပိုင်းအတွင်း တပ်ဆင်သွားမယ်လို့ ပူတင်ပြော

EPN
နိုင်ငံတကာ၊ သြဂုတ် ၁

ရုရှားနဲ့ အနောက်နိုင်ငံတွေ တင်းမာမှုမြင့်တက်နေချိန်မှာပဲ ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားတပ်မတော်အတွင်းမှာ လာမယ့်လပိုင်းအတွင်း အသံထက်ကိုးဆမြန်တဲ့ Zircon ဒုံးကျည်စနစ်တွေ တပ်ဆင်သွားမယ်လို့ ယမန်နေ့က ပြောကြားခဲ့ပါတယ်။

“ရေတပ်ရဲ့ စွမ်းရည်တွေဟာ အဆက်မပြတ်တိုးတက်နေပါတယ် ကမ္ဘာပေါ်မှာ တားဆီးလို့ မရနိုင်တဲ့ နောက်ဆုံးပေါ် Zircon ဒုံးပျံစနစ်တွေကို ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်တွေဆီကို ပို့ဆောင်ပေးဖို့ ပြင်ဆင်နေပါတယ်”လို့ ပူတင်က ရေတပ်နေ့ စစ်ရေးပြအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

အသံထက် ၉ ဆမြန်တဲ့ Zircon ခရုဇ်ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ရုရှားရေတပ် သေင်္ဘောတွေဟာ ရုရှားနိုင်ငံရဲ့ အချုပ်အခြာအဏာနဲ့ လွတ်လပ်မှုကို ထိပါးဖို့ ဆုံးဖြတ်သူတိုင်းကို တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။

ဖရီးဂိတ်ရေတပ်ဗိုလ်ချုပ် ဂေါ့ရှ်ကာဗ့် က Zircon ဒုံးပျံစနစ်တွေအတွက် တိုက်ခိုက်ရေးတာဝန်ကို ပထမဆုံးထမ်းဆောင်ရမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

Zircon ဒုံးကျည်တွေဟာ အမြန်နှုန်း တစ်နာရီ ကီလိုမီတာ ၁၁၀၀၀ ကျော်နှုန်းနဲ့ ပျံသန်းနိုင်ပြီး ပျံသန်းမှု အကွာအဝေး ကီလိုမီတာ ၁၀၀၀ ကျော်အထိရှိနိုင်တယ်လို့ ဆိုပါတယ်။

Source – DM

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။