Trending Now

အခိုင်အမာ ခြေကုပ်ယူထားတဲ့ စခန်းကနေ ယူကရိန်း တပ်ဖွဲ့တွေ ထွက်ခွာ

Spread the love

အခိုင်အမာ ခြေကုပ်ယူထားတဲ့ စခန်းကနေ ယူကရိန်း တပ်ဖွဲ့တွေ ထွက်ခွာ

EPN

နိုင်ငံတကာ၊ မေ ၁၉

မာရီပိုးလ်မြို့ ဟာ ယူကရိန်းရဲ့ ခုခံမှုနဲ့ ရုရှားရဲ့ အဆက်မပြတ် ထိုးစစ်ဆင်မှုကို ပြသခဲ့တဲ့ နေရာတစ်ခုဖြစ်ပြီး အခုတော့ယူကရိန်းရဲ့ ခိုင်မာတဲ့ နောက်ဆုံး ခြေကုပ်စခန်းတစ်ခု ကျဆုံးသွားပါပြီ။

သံမဏိစက်ရုံကို ကာကွယ်ဖို့ သီတင်းပတ်များစွာ တိုက်ခိုက်ခဲ့တဲ့ ယူကရိန်းစစ်သားတွေကို ထမ်းစင်တွေနဲ့ ရုရှားထိမ်းချုပ်ထားတဲ့ နယ်မြေထဲကို သယ်ထုတ်သွားခဲ့ပြီး သူတို့ကို သယ်ထုတ်သွားတာဟာ ကျူးကျော်မှုကို အားတက်စေတဲ့ လက္ခဏာတစ်ခုလို့ ထင်မှတ်ရပါတယ်။

ရုရှားစစ်သားတွေဟာ မာရီပိုးလ် မြို့က အဲဒီ စက်ရုံကို ဝိုင်းထားခဲပြီး ယူကရိန်းစစ်တပ်က တိုက်ပွဲစစ်ဆင်ရေးကို အဆုံးသတ်ဖို့ အမိန့်ထုတ်ပြန်ခဲ့ချိန်အထိ ရုရှားတွေရဲ့ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။

ယူကရိန်းရဲ့ ကာကွယ်ရေးဒုတိယဝန်ကြီး ဟန်နာမီလာ ကတော့ မာရီပိုးလ်မြို့ကို ခုခံပေးခဲ့သူတွေဟာ ပေးအပ်တဲ့တာဝန်တိုင်းကို ပြီးမြောက်အောင် အပြည့်အဝ စွမ်းဆောင်ခဲ့ကြပေမယ့် ကံမကောင်းစွာနဲ့ အဲဒီ စက်ရုံကို မထိန်းချုပ်နိုင်ခဲ့ဘူး လို့ ပြောကြားခဲ့ပါတယ်။

ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကလည်း သံမဏိစက်ရုံမှာ ရှိတဲ့ အမျိုးသားရေး လိုလားတဲ့တပ်ဖွဲ့တွေဟာ စတင် လက်နက်ချနေပြီး ပြီးခဲ့နေ့ကပဲ ယူကရိန်း တိုက်ခိုက်ရေးသမား ၂၆၅ ဦး လက်နက်ချခဲ့တယ်လို့ ပြောပါတယ်။

ယူကရိန်းရဲ့ မာရီပိုးလ်မြို့ကို သိမ်းပိုက်နိုင်ခြင်းဟာ ရုရှားအတွက် အခုအချိန်မှာ အကြီးမားဆုံး အောင်ပွဲတစ်ခု ဖြစ်ပြီး ယူကရိန်းရဲ့ တခြားဒေသမှာရှိတဲ့ ပြည်သူတွေဟာ ရှေ့ဆက်ဘာတွေ ဖြစ်လာမလဲဆိုပြီး စိုးရိမ်ပူပန်နေကြပါတယ်။

Source – NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။