Trending Now

ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်ရှိ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ

Spread the love

ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်ရှိ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ

EPN
သထုံ၊ ဖေဖော်ဝါရီ ၂၈ (၂၀၂၄)

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ရန်ကုန် – မော်လမြိုင်သွား ကားလမ်းပေါ်ရှိ မိုးကောင်းတံတားအား ဖေဖော်ဝါရီ ၂၈ရက်နေ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့၊ နံနက် ၃ နာရီခွဲကျော်ခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စုရှိ ရန်ကုန် – မော်လမြိုင်သွား ကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၃၅/၇ နှင့် ၁၃၆/၀ ကြားရှိ “မိုးကောင်း” တံတားအား မိုင်းခွဲဖျက်ဆီးခဲ့အစောကြီးပဲရှိသေး
” မနက်က အစောကြီးပဲရှိသေးတယ်။ ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်ရတာ။ အလင်တံတားကအကုန်လုံ လိုက်စုံစမ်းကြည့်တော့ မိုးကောင်းတံတား မိုင်းခွဲခံထားရလို့ ပျက်စီးနေတာကို တွေ့တာ။ တံတားကအကုန်လုံး ကျိုးကျသွားတာကြောင့် ကားတွေ၊ ဆိုင်ကယ်တွေ ဘာမှဖြတ်လို့မရတော့ဘူး ” ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုင်းခွဲဖျက်ဆီး ခံရမှုကြောင့် အရှည် ၃၇ ပေခန့်၊ အကျယ် ၄၈ ပေခန့်ရှိ “မိုးကောင်း” တံတားမှာ ကျိုးကျပျက်စီးသွားခဲ့ပြီး၊ ပေါက်ကွဲမှုဖြစ်စဥ်၌ တံတားအနီးရှိ နေအိမ်မမိုင်းးမှာလည်း မိုင်းစထိမှန်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကာ အမျိုးသားတစ်ဦးမှာလည်း မမိုင်းစထိမှန်ဒဏ်ရာမျာ ရရှိခဲ့ကြောင်း သိရသည်။

မိုင်းခွဲဖျက်ဆီး ခံရမှုကြောင့် မိုးကောင်းတံတားမှာ ကျိုးကျပျက်စီးသွားခဲ့ပြီး၊ ကုန်တင်ကားကြီးများနှင့် ခရီးသည်တင်ကားများ သွားလာ၍ မရကြောင်း သိရသည်။

ကသစ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။