Trending Now

ရုရှားသမ္မတ ပူတင်က အာဖရိက ၆ နိုင်ငံအတွက် စပါးအခမဲ့ဖြန့်ဝေပေးမယ်လို့ ကတိပြု

Spread the love

ရုရှားသမ္မတ ပူတင်က အာဖရိက ၆ နိုင်ငံအတွက် စပါးအခမဲ့ဖြန့်ဝေပေးမယ်လို့ ကတိပြု

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၈

ရုရှားသမ္မတ ဗလာဒီမာပူတင်က အာဖရိကနိုင်ငံခြောက်နိုင်ငံကို စပါးတန်ချိန် ၅၀,၀၀၀ အထိ အခမဲ့ပေးပို့သွားမယ်လို့ အာဖရိကခေါင်းဆောင်တွေကို စိန့်ပီတာစဘတ်မှာ ဇူလိုင်လ ၂၇ ရက်နေ့က ဂတိပြုခဲ့ပါတယ်။

“လာမယ့်လတွေမှာ ဘာကီနာဖာဆို၊ ဇင်ဘာဘွေ၊ မာလီ၊ ဆိုမာလီယာ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံနဲ့ အီရီထရီးယားတို့ဆီ စပါးတန်ချိန် ၂၅,၀၀၀ ကနေ ၅၀,၀၀၀ ကို အခမဲ့ထောက်ပံ့ပေးသွားမယ်” လို့ ရုရှ-အာဖရိက ထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ပူတင်က ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ နိုင်ငံက တောင်အာဖရိက အတွက် အလိုအပ်ဆုံး စပါးထောက်ပံ့မှုနဲ့ပတ်သက်ရင် ယူကရိန်းနေရာကို အစားထိုးနိုင်တယ်လို့ ကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒီနှစ်မှာ စံချိန်တင် ရိတ်သိမ်းဖို့ မျှော်မှန်းထားတာကြောင့် ပိုပြီးတော့ အခြေအနေကောင်းနေပါတယ်” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

ယူကိရိန်းက စပါးတွေကို ပင်လယ်နက်ဆိပ်ကမ်းတွေကတဆင့် အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာရှနိုင်ငံတွေကို တင်ပို့ခွင့်ပြုနေတဲ့ သဘောတူညီချက်ကို လွန်ခဲ့တဲ့အပတ်က ရုရှားက ရပ်ဆိုင်းလိုက်ပြီးနောက် အခုလိုကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံစလုံးဟာ ဖွံ့ဖြိုးဆဲနိုင်ငံများစွာ အားကိုးအားထားပြုနေရတဲ့ မုယောစပါး၊ ဂျုံ၊ ပြောင်း၊ နေကြာဆီနဲ့ အခြားအစားအစာထွက်ကုန်တွေကို ထောက်ပံ့နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ပေးသွင်းသူတွေဖြစ်ကြပါတယ်။

Ref; DW

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။