Trending Now

အိန္ဒိယနိုင်ငံမှာ ဆရာမတစ်ဦးက အသက် ၇ နှစ်အရွယ် မွတ်စလင်မ်ကျောင်းသားတစ်ဦးကို ပါးရိုက်ခိုင်းတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့နေ

Spread the love

အိန္ဒိယနိုင်ငံမှာ ဆရာမတစ်ဦးက အသက် ၇ နှစ်အရွယ် မွတ်စလင်မ်ကျောင်းသားတစ်ဦးကို ပါးရိုက်ခိုင်းတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့နေ

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၆

အိန္ဒိယနိုင်ငံ ဥတာပါဒေ့ရှ်ပြည်နယ်က ကျောင်းဆရာမတစ်ဦးဟာ ၇ နှစ်အရွယ်ကလေးငယ်တစ်ဦးကို ဘာသာရေးကြောင့် ကျောင်းကနေ နှင်ထုတ်လိုကြောင်းပြောကြာခဲ့ပြီး အတန်းဖော်တွေကို ပါးဝိုင်းရိုက်ခိုင်းတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်မှာ အိန္ဒိယရဲ့ လူဦးရေအများဆုံးပြည်နယ် ဥတာပါဒေ့ရှ်က ကျောင်းဆရာမတစ်ဦးဟာ အစ္စလာမ္မစ်မုန်းတီးဖွယ်ရာမှတ်ချက်တွေ ပြောကြားခဲ့သလို တစ်ခြားအတန်းဖော်တွေကိုလည်း မွတ်စလင်မ် ကလေးငယ်ကို ပါးရိုက်ဖို့ စေခိုင်ခဲ့ပါတယ်။

ဗီဒီယိုကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ယောင်္ကျားတစ်ယောက်ကလည်း ” “မွတ်ဆလင်ကလေးတွေအားလုံးကို ထွက်သွားသင့်တယ်လို့ ငါကြေငြာထားပါတယ်” လို့ ဗီဒီယိုထဲမှာ ပြောနေတာကို ကြားရပါတယ်။

ဥတာပါဒေ့ရှ်ပြည်နယ်မှာရှိတဲ့ လူဦးရေ ၂၃၅ သန်းရဲ့ ငါးပုံတစ်ပုံခန့်ဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ကြောင်း သိရပါတယ်။

ဒီအဖြစ်အပျက်ဟာ ကူပါပူ ရွာမှာရှိတဲ့ အစိုးရပိုင် ကျောင်းတစ်ခုမှာ ကြာသာပတေးနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အသက် ၇ နှစ်အရွယ် မိုဟာမက် အာလ်တာမတ်ရှ် ရဲ့ မိဘတွေက အယ်ဂျားဇီးယား သတင်းဌာနကိုပြောပါတယ်။

“မနေ့က ငါ့သား အိမ်ပြန်လာပြီး ငိုတယ် ဒါက ကလေးတွေကို ဆက်ဆံတာမဟုတ်ဘူး။” ” လို့ သူ့အမေ ရူဘီနာ က ပြောပါတယ်။

သူ့အဖေ မိုဟာမက် အစ်ရှား ရဲ့ အဆိုအရ ဆရာက “သူတို့ [အတန်းဖော်] ကို ငါ့သားကို တစ်ယောက်ပြီး တစ်ယောက် ပါးရိုက်ခိုင်းတယ်” တဲ့။ ဆရာမကို မေးတော့ ငါ့သားက စာတွေကို အလွတ်မကျက်နိုင်ခဲ့တဲ့အတွက် အပြစ်ပေးတာလို့ ပြောတယ်။

“ငါ့သားက စာလည်းကျက်တယ်။ ကျူရှင်ယူတယ်။ ဆရာက သူ့ကို ဘာကြောင့်ဒီလိုဆက်ဆံတယ်ဆိုတာ နားမလည်ဘူး။ ဆရာမက အမုန်းတွေနဲ့ ပြည့်နေပုံရတယ်” လို့ အသက် (၄၂) နှစ်အရွယ် ဖခင်ဖြစ်သူက ဆက်ပြောပါတယ်။

အိန္ဒိယရဲတွေက ပဋိပက္ခဖြစ်လာနိုင်တဲ့ အဆိုပါဗီဒီယိုကို လူမှုမီဒီယာအသုံးပြုသူတွေကို မျှဝေခြင်းမပြုလုပ်ဖို့ တောင်းဆိုခဲ့ပြီး ကလေးနဲ့ မိဘတွေရဲ့ ပြောကြားချက်ကို မှတ်တမ်းတင်ပြီးပါက အမှုဖွင့်စစ်ဆေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာပြီးတဲ့နောက် ဆရာမက သူမရဲ့ အမှားကိုလက်ခံခဲ့ပြီး အပြုအမူအတွက် တောင်းပန်ခဲ့ပေမယ့် မိုဟာမက် အစ်ရှားကတော့ ကလေးငယ်ကို ကျောင်းပြောင်းထားမယ်လို့ ပြောပါတယ်။

Ref; Aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။