Trending Now

ႏိုင္ငံပိုင္သတင္းစာမ်ား ေစ်းႏႈန္းေျပာင္းလဲတိုးျမႇင့္မႈေၾကာင့္ ကိုယ္စားလွယ္မ်ား အခက္ေတြ႕ေန

Spread the love

ႏိုင္ငံပိုင္သတင္းစာမ်ား ေစ်းႏႈန္းေျပာင္းလဲတိုးျမႇင့္မႈေၾကာင့္ ကိုယ္စားလွယ္မ်ား အခက္ေတြ႕ေန
EPN
ဗန္းေမာ္၊ မတ္ ၁၂
ႏိုင္ငံပိုင္သတင္းစာမ်ား ေစ်းႏႈန္းေျပာင္းလဲ တိုးျမႇင့္မႈေၾကာင့္  ကိုယ္စားလွယ္မ်ား အခက္ေတြ႕ေနေၾကာင္း ဗန္းေမာ္ၿမိဳ႕မွ သတင္းစာျဖန္႕ေ၀ေရာင္းခ်သည့္ ကိုယ္စားလွယ္မ်ားမွေျပာဆိုသည္။
“က်ေနာ္ဆီမွာ အစိုးရထုတ္ ေန႕စဥ္သတင္းစာ ျမန္မာ့အလင္းႏွင့္ ေၾကးမံု လစဥ္ မွာယူ ဖတ္႐ႈသူ ၂၀၀ မွ ၂၃၀ ၾကားရွိပါတယ္၊ သတင္းစာတစ္ေစာင္ ေငြက်ပ္ ၅၀ တုန္းက

တစ္လကို ေငြက်ပ္ ၃၀၀၀ နဲ႕ အိမ္တို႕ ရံုးတို႕ အေရာက္ပို႕ေပးပါတယ္။ အခု တစ္ေစာင္ကို ေငြက်ပ္ ၁၀၀ ဆိုေတာ့ တစ္လကို အနည္းဆံုး ေငြက်ပ္ ၄၅၀၀ေလာက္ ေရာင္းမွဘဲ အဆင္ေျပေတာ့မယ္ဗ်ာ၊ ဘာလို႕လဲဆိုေတာ့ အျခားဝန္ေဆာင္မွဳေတြရွိေသးတယ္ေလဟု ေပါက္ကုန္းရပ္ကြက္မွ လက္ရွိသတင္းစာကိုယ္စားလွယ္တစ္ဦးက ေျပာသည္။

လက္ရွိဗန္းေမာ္ၿမိဳ႕နယ္တြင္ အစိုးရထုတ္သတင္းစာ ျမန္မာ့အလင္းႏွင့္ေၾကးမံု လစဥ္ ၀ယ္ယူဖတ္ရႈသူ ဦးေရ ၅၀၀ နီးပါး ရွိေၾကာင္း သိရသည္။ ဧၿပီလ မွ စတင္၍  အစိုးရ သတင္းစာမ်ား ေစ်းႏႈန္းေျပာင္းလဲ တိုးျမွင့္မည့္သတင္းေၾကာင့္ မွာယူဖတ္႐ႈသူ ေလ်ာ့နည္းလာမည္ကို သတင္းစာ ကိုယ္စားလွယ္မ်ား စိုးရိမ္လွ်က္ရွိေနသည္။
နိုင္ငံပိုင္သတင္းစာမ်ားကို ဧျပီလမွစၿပီး တစ္ေစာင္ကို ေငြက်ပ္ ၅၀ မွ၁၀၀ အထိ ေစ်းႏွဳန္းေျပာင္းလဲတိုးျမႇင့္မယ္လို႕ သိရပါတယ္၊ လက္ရွိ ျမန္မာ့အလင္း၊ ေၾကးမုံသတင္းစာကို တစ္လကို
ေငြက်ပ္ ၃၀၀၀ ျဖင့္ အိမ္/ရံုး အေရာက္ ျဖန့္ေဝပို႕ေဆာင္ေရာင္းခ်ေပးေနပါတယ္။ တစ္ေစာင္၁၀၀ က်ပ္ ဆိုေတာ့တစ္လ ေငြက်ပ္ ၄၀၀၀ နဲ႕ျဖန့္ေဝသြားမွာျဖစ္ပါတယ္။ မွာယူတဲ့သူေတြကိုျပန္ေျပာျပတ့ဲအခါ တခ်ိဳ႕က ၄၀၀၀ ဆိုရင္ မယူေတာ့ဘူးလို႕ ေျပာပါတယ္ဗ်ာ၊ ဘယ္တတ္ႏိုင္မလဲဗ်ာ” ဟု မင္းကုန္းရပ္ကြက္မွ သတင္းစာကိုယ္စားလွယ္ တစ္ဦးကလည္းေျပာသည္။
  
ဗန္းေမာ္ၿမိဳ႕ ေညာင္ပင္ရပ္ကြက္ မွ ျမန္မာ့အလင္းႏွင့္ ျပည္ေထာင္စုေန႕စဥ္သတင္းစာ ျဖန္႕ေ၀ ေရာင္းခ်သူ  ကိုယ္စားလွယ္တစ္ဦးကလည္း “သတင္းစာေတြ အ႐ံႈးခံေရာင္းေနၾကတယ္ဆိုတာၾကားေနရပါတယ္။ အခ်ိဳ႕ဂ်ာနယ္တိုက္ေတြဆိုရင္ ပိတ္ကုန္ၾကၿပီ၊ ျပည္ေထာင္စုေန့စဥ္ သတင္းစာဆိုရင္ တစ္ေစာင္လ်ွင္ ေငြက်ပ္ ၁၀၀ ျဖင့္ေရာင္းခ့ဲတာၾကာပါၿပီ၊ ဒါေတာင္ သတင္းစာကို အရွဳံးခံ၍ထုတ္ေဝေနတုန္းပဲေလ၊ သတင္းစာ ေစ်းတက္ၿပီးဆိုေတာ့ ဘာပဲျဖစ္ျဖစ္ ၀ယ္ဖတ္သူ နည္းလာမွာေတာ့ အမွန္ပဲဗ်ာ” ဟု ေျပာသည္။
ျပန္ၾကားေရး၀န္ႀကီးဌာန၊ သတင္းႏွင့္ စာနယ္ဇင္းလုပ္ငန္းႏွင့္ ေန႕စဥ္ထုတ္ေ၀လွ်က္ရွိေသာ ျမန္မာ့အလင္း၊ ေၾကးမံုသတင္းစာမ်ားႏွင့္ ပုဂၢလိကႏွင့္ အက်ိဳးတူပူးေပါင္းထုတ္ေ၀လွ်က္ရွိေသာ The Globel New Light of Myanmar သတင္းစာတို႕၏ ပင္ရင္းေစ်းႏႈန္း တစ္ေစာင္လ်ွင္ ေငြက်ပ္ ၅၀ေစ်းႏွဳန္းျဖင့္ ေရာင္းခ်လ်ွက္ရွိရာမွ ၂၀၁၉ ခုႏွစ္ ဧျပီလ ၁ ရက္ေန ့မွစတင္ ေငြက်ပ္၁၀၀ ႏွဳန္းျဖင့္ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း မတ္လ ၁၀ ရက္ေန႕ထုတ္ ျမန္မာ့အလင္း သတင္းစာ၏ စာမ်က္ႏွာ ၃၂ တြင္ ေဖာ္ျပထားသည္။
ဗန္းေမာ္ သုခမိန္
——————————————– 

နိုင်ငံပိုင်သတင်းစာများ ဈေးနှုန်းပြောင်းလဲတိုးမြှင့်မှုကြောင့် ကိုယ်စားလှယ်များ အခက်တွေ့နေ

EPN

ဗန်းမော်၊ မတ် ၁၂

နိုင်ငံပိုင်သတင်းစာများ ဈေးနှုန်းပြောင်းလဲ တိုးမြှင့်မှုကြောင့်  ကိုယ်စားလှယ်များ အခက်တွေ့နေကြောင်း ဗန်းမော်မြို့မှ သတင်းစာဖြန့်ဝေရောင်းချသည့် ကိုယ်စားလှယ်များမှပြောဆိုသည်။

“ကျနော်ဆီမှာ အစိုးရထုတ် နေ့စဉ်သတင်းစာ မြန်မာ့အလင်းနှင့် ကြေးမုံ လစဉ် မှာယူ ဖတ်ရှုသူ ၂၀၀ မှ ၂၃၀ ကြားရှိပါတယ်၊ သတင်းစာ တစ်စောင် ငွေကျပ် ၅၀ တုန်းက တစ်လကို ငွေကျပ် ၃၀၀၀ နဲ့ အိမ်တို့ ရုံးတို့ အရောက်ပို့ပေးပါတယ်။ အခု တစ်စောင်ကို ငွေကျပ် ၁၀၀ ဆိုတော့ တစ်လကို အနည်းဆုံး ငွေကျပ် ၄၅၀၀ လောက် ရောင်းမှဘဲ အဆင်ပြေတော့မယ်ဗျာ၊ ဘာလို့လဲဆိုတော့ အခြားဝန်ဆောင်မှုတွေ ရှိသေးတယ်လေ” ဟု ပေါက်ကုန်းရပ်ကွက်မှ လက်ရှိသတင်းစာကိုယ်စားလှယ်တစ်ဦးက ပြောသည်။

လက်ရှိဗန်းမော်မြို့နယ်တွင် အစိုးရထုတ်သတင်းစာ မြန်မာ့အလင်းနှင့်ကြေးမုံ လစဉ် ဝယ်ယူဖတ်ရှုသူ ဦးရေ ၅၀၀ နီးပါး ရှိကြောင်း သိရသည်။ ဧပြီလ မှ စတင်၍  အစိုးရ သတင်းစာများ ဈေးနှုန်းပြောင်းလဲ တိုးမြှင့်မည့်သတင်းကြောင့် မှာယူဖတ်ရှုသူ လျော့နည်းလာမည်ကို သတင်းစာ ကိုယ်စားလှယ်များ စိုးရိမ်လျှက်ရှိနေသည်။

” နိုင်ငံပိုင် သတင်းစာများကို ဧပြီလမှစပြီး တစ်စောင်ကို ငွေကျပ် ၅၀ မှ ၁၀၀ အထိ ဈေးနှုန်းပြောင်းလဲတိုးမြှင့်မယ်လို့ သိရပါတယ်၊ လက်ရှိ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာကို တစ်လကို

ငွေကျပ် ၃၀၀၀ ဖြင့် အိမ်/ရုံး အရောက် ဖြန့်ဝေပို့ဆောင်ရောင်းချပေးနေပါတယ်။ တစ်စောင် ၁၀၀ ကျပ် ဆိုတော့ တစ်လ ငွေကျပ် ၄၀၀၀ နဲ့ဖြန့်ဝေသွားမှာဖြစ်ပါတယ်။ မှာယူတဲ့သူတွေကို ပြန်ပြောပြတဲ့အခါ တချို့က ၄၀၀၀ ဆိုရင် မယူတော့ဘူးလို့ ပြောပါတယ်ဗျာ၊ ဘယ်တတ်နိုင်မလဲဗျာ” ဟု မင်းကုန်းရပ်ကွက်မှ သတင်းစာကိုယ်စားလှယ် တစ်ဦးကလည်း ပြောသည်။

ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက် မှ မြန်မာ့အလင်းနှင့် ပြည်ထောင်စုနေ့စဉ်သတင်းစာ ဖြန့်ေ၀ ရောင်းချသူ  ကိုယ်စားလှယ်တစ်ဦးကလည်း “သတင်းစာတွေ အရှုံးခံရောင်းနေကြတယ်ဆိုတာ ကြားနေရပါတယ်။ အချို့ဂျာနယ်တိုက်တွေဆိုရင် ပိတ်ကုန်ကြပြီ၊ ပြည်ထောင်စုနေ့စဉ် သတင်းစာဆိုရင် တစ်စောင်လျှင် ငွေကျပ် ၁၀၀ ဖြင့်ရောင်းခဲ့တာကြာပါပြီ၊ ဒါတောင် သတင်းစာကို အရှုံးခံ၍ထုတ်ဝေနေတုန်းပဲလေ၊ သတင်းစာ ဈေးတက်ပြီးဆိုတော့ ဘာပဲဖြစ်ဖြစ် ဝယ်ဖတ်သူ နည်းလာမှာတော့ အမှန်ပဲဗျာ” ဟု ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းနှင့် နေ့စဉ်ထုတ်ဝေလျှက်ရှိသော မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများနှင့် ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းထုတ်ဝေလျှက်ရှိသော The Globel New Light of Myanmar သတင်းစာတို့၏ ပင်ရင်းဈေးနှုန်း တစ်စောင်လျှင် ငွေကျပ် ၅၀ ဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိရာမှ ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင် ၍ ငွေကျပ် ၁၀၀ နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း မတ်လ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၏ စာမျက်နှာ ၃၂ တွင် ဖော်ပြထားသည်။

ဗန်းမော် သုခမိန်
 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။