Trending Now

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် Shwedagon Pagoda Digital Directory စတင်ဖွင့်လှစ်

Spread the love

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် Shwedagon Pagoda Digital Directory စတင်ဖွင့်လှစ်

EPN
ရန်ကုန်၊ ဧပြီ ၂ (၂၀၂၄)

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် Shwedagon Pagoda Digital Directory ကို ယမန်နေ့ (ဧပြီ ၁ ရက်)၊ နံနက် ၇ နာရီခွဲက ရင်ပြင်တော်မြောက်ဘက်မုခ် (အောင်မြေ)တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်၍ Shwedagon Pagoda Digital Directory ကို ဖဲကြိုးဖြတ်ကာ ဖွင့်လှစ်ပေးခဲ့သည်။

မြန်မာနိုင်ငံရှိ အထင်ကရ ဘုရားစေတီပုထိုးများဖြစ်သည့် ရွှေတိဂုံစေတီတော်၊ မဟာမုနိရုပ်ရှင်တော်မြတ်၊ ကျိုက်ထီးရိုးစေတီတော်၊ ရွှေစည်းခုံစေတီတော်၊ အာနန္ဒာဘုရား၊ ဥပ္ပါတသန္တိစေတီတော်၊ မြသလွန်ဘုရား၊ ရွှေဆံတော်ဘုရားနှင့် သျှစ်သောင်းဘုရားတို့အား Pagoda Digital Directory ပြုလုပ်ထားရှိရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ် (မကွေး၊ ပြည်၊ တောင်ငူ၊ သထုံ)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပြောကြားခဲ့သည်။

၎င်းအပြင် Pagoda Digital Directory အား တိုင်းနှင့် ပြည်နယ်အသီးသီးရှိ တန်ခိုးကြီးဘုရားများတွင် ဆက်လက်တပ်ဆင်သွားမည်ဖြစ်ကာ အထူးသဖြင့် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့ရှိ တန်ခိုးကြီးဘုရားများ၌ စတင်တပ်ဆင်နိုင်ရန် ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် Shwedagon Pagoda Digital Directory ကို သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး၊ ရင်ပြင်တော်အရပ်‌လေးမျက်နှာရှိ သတ်မှတ်နေရာအသီးသီးတွင် ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။