Trending Now

ကျောက်စိမ်းရိုင်းများ တင်ဆောင်လာသည့်ယာဉ် အရှိန်လွန် တိမ်းမှောက် အမျိုးသားတစ်ဦးသေဆုံး

Spread the love

ကျောက်စိမ်းရိုင်းများ တင်ဆောင်လာသည့်ယာဉ် အရှိန်လွန် တိမ်းမှောက် အမျိုးသားတစ်ဦးသေဆုံး

EPN
ဖားကန့်၊ မေလ ၁၅

ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်၊ မနမှော်ရွာ အထွက်အဆင်းလမ်းတွင် ယနေ့မေလ(၁၅)ရက် နံနက်(၈း၀၀)နာရီ အချိန်ခန့်က ကျောက်စိမ်းရိုင်းများ တင်ဆောင်လာသောယာဉ် တိမ်းမှောက်ရာ အမျိုးသားတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးကြောင်း သိရသည်။

အဆိုပါ ကျောက်စိမ်းရိုင်းတင်ဆောင်လာသော ခေါင်းတစ်ခြမ်း CENO (၁၂)ဘီး (အဖြူ )ယာဉ်သည် ဘရိတ်ပေါက်၍ အရှိန်လွန် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း အေးမြသာယာအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
သေဆုံးသူမှာ ဦးချစ်လွင်(၂၃)နှစ်၊ (ဘ)ဦးအောင်စိုး၊ နတ်မောက်မြို့နယ်၊ လျှော်တောင်ရွာဖြစ်ပြီး၊ မျိူးနွယ်ကုမ္ပဏီယာဉ်နောက်လိုက် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ ဦးချစ်လွင်၏ ရုပ်အလောင်းအား ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး၊ အဆိုပါယာဉ်အား မောင်းနှင်သူမှာ ဒါဏ်ရာ(မစိုးရိမ်ရ) ရှိထားသဖြင့် ယင်းဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။

သတင်း# နောင်ရိုး
ဓါတ်ပုံ# အေးမြသာယာအုပ်ချုပ်ရေးမှူးရုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။