Trending Now

သီလဝါအထူးစီးပွားရေးဇုန် ၂၀၂၃ – ၂ဝ၂၄ ဘဏ္ဍာရေးနှစ် (၄) လတာ ကာလအတွင်း အခွန် အရပ်ရပ်အတွက် ကောက်ခံရငွေ မြန်မာကျပ်ငွေ ၂၂ ဘီလီယံ ရရှိခဲ့ဟုဆို

Spread the love

သီလဝါအထူးစီးပွားရေးဇုန် ၂၀၂၃ – ၂ဝ၂၄ ဘဏ္ဍာရေးနှစ် (၄) လတာ ကာလအတွင်း အခွန် အရပ်ရပ်အတွက် ကောက်ခံရငွေ မြန်မာကျပ်ငွေ ၂၂ ဘီလီယံ ရရှိခဲ့ဟုဆို

EPN
နေပြည်တော်၊ အောက်တိုဘာ ၁၃ (၂၀၂၃)

သီလဝါအထူးစီးပွားရေးဇုန်မှ ၂၀၂၃ – ၂ဝ၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇူလိုင်လအထိ (၄) လတာ ကာလအတွင်း အခွန် အရပ်ရပ်အတွက် ကောက်ခံရငွေ မြန်မာကျပ်ငွေ ၂၂ ဘီလီယံ ရရှိခဲ့ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်။

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၃)ကို အောက်တိုဘာလ ၁၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

” သီလဝါအထူးစီးပွားရေးဇုန်၏ ၂၀၂၃ – ၂ဝ၂၄ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင် ရွက်ချက်များကို ကြည့်ပါက ဧပြီလမှ ဇူလိုင်လအထိ (၄) လတာ ကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၅၄ ဒဿမ ၉၄၅ သန်း၊ သွင်းကုန် ပမာဏ အမေရိကန်ဒေါ်လာ ၁၆၂ ဒဿမ ၆၅၃ သန်း ရှိသည့်အတွက် စုစုပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၁၇ ဒဿမ ၅၉၈ သန်း ရှိပြီး အခွန် အရပ်ရပ်အတွက် ကောက်ခံရငွေ မြန်မာ ကျပ်ငွေ ၂၂ ဘီလီယံ ရရှိခဲ့ပါကြောင်း၊ လေးလတာ ကာလဖြစ်သည့်အတွက် ယခုဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှု နှင့် အခွန်အရပ်ရပ်ကောက်ခံရရှိမှုကို ယခုထက်ပိုမို တိုးတက်ရရှိရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားစေလိုတယ် ” ဟု ဒုတိယဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့သည်။

သီလဝါအထူးစီးပွားရေဇုန် အနေဖြင့် ၆၆၇ ဒသမ ၂၇၅ ဟက်တာကျယ်ဝန်းပြီး ဇုန် (A) နှင့် ဇုန် (B) ခွဲကာ Free Zone နှင့် Promotion Zone သတ်မှတ်လျက် ပို့ကုန် လုပ်ငန်းနှင့် ပြည်တွင်း သွင်းကုန်အစားထိုး လုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပြီး၊ ရင်းနှီးမြုပ်နှံသည့် (၂၁) နိုင်ငံမှ လက်ရှိ လုပ်ငန်းလည်ပတ်သည့် ကုမ္ပဏီ (၁၁၄) ခုရှိကာ ရင်းနှီးမြုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာသန်း ၂၁၉၀ ဒဿမ ၇၉၀ ဖြင့် လုပ်ငန်း များလည်ပတ်လျက်ရှိကြောင်း သိရသည်။

၎င်းအပြင် ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံး၏ တစ်မျိုးသားလုံး ထုတ်လုပ်မှုတန်ဖိုး၏ ၃ ဒဿမ ၆ ရာခိုင်နှုန်း၊ ၂ဝ၂၂ ခုနှစ် တစ်နိုင်ငံလုံး ပို့ကုန်ပမာဏ၏ ၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိက ပို့ကုန်ပမာဏ၏ ၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန်တွင် ထပ်မံ၍ နိုင်ငံခြားငွေအဖြစ် ထည့်ဝင်မတည် ရင်းနှီးမည့်၊ လာရောက်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီအသစ်များ လက်ရှိကုမ္ပဏီများ၏ ထပ်မံ ရင်းနှီးမြှုပ်နှံမှုငွေများကို အမေရိကန်ဒေါ်လာအပြင် မြန်မာနိုင်ငံခြားရေး ကုန်သွယ်မှုဘဏ်နှင့် မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ခွင့်ပြုပြီးဖြစ်သည့်ဘမည်သည့်နိုင်ငံခြား ငွေကြေးဖြင့်ဖြစ်စေ ထည်ဝင်အသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း ထပ်မံပြောကြားခဲ့သည်။

ဇက်ကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။