Trending Now

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေစဉ် တောင်ကိုရီးယားနိုင်ငံက အထွေထွေရွေးကောက်ပွဲ ကျင်းပ

Spread the love

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေစဉ် တောင်ကိုရီးယားနိုင်ငံက အထွေထွေရွေးကောက်ပွဲ ကျင်းပ

EPN
နိုင်ငံတကာ ဧပြီ ၁၅

တောင်ကိုရီးယားနိုင်ငံက အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနေပြီး မဲဆန္ဒရှင်များက တိုင်းပြည်၏ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းမှုအပေါ် အလေးထားနေကြသည်။

ယနေ့နံနက် ၆ နာရီတွင် မဲရုံ ၁၄၀၀၀ ဝန်းကျင် ဖွင့်လှစ်ခဲ့ပြီး မဲဆန္ဒရှင်များက အမျိုးသားလွှတ်တော်အ တွက် အဖွဲ့ဝင် ၃၀၀ ကို ရွေးချယ်မည်ဖြစ်သည်။

ရွေးကောက်ပွဲမှာ သမ္မတ မွန်ဂျေအင်း၏ အာဏာရ ကိုရီးယား ဒီမို ကရက်တစ်ပါတီနှင့် အကြီးမားဆုံး အတိုက်အခံပါတီ ယူနိုက်တက်ဖြူးရှားပါတီတို့ကြား အဓိကယှဉ်ပြိုင်မှုတစ်ခု ဖြစ်လာမည်ဟု မျှော်မှန်းရသည်။

မဲဆန္ဒရှင်များအတွက် အဓိကကိစ္စရပ်များမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနှင့် စီးပွားရေးလုပ်ငန်းများအ ပေါ် အကျိုးသက်ရောက်မှုများ ဖြစ်ကြသည်။

၁၃ ရက်တာ ရွေးကောက်ပွဲစည်းရုံးရေးကာလအတွင်း ကိုယ်စား လှယ်လောင်းများက နှာခေါင်းစည်းများ ဝတ်ဆင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတားဆီးရန် လက်ဆွဲနှုတ်ဆက်မှု များ ရှောင်ကြဉ်ခဲ့သည်။

အထွေထွေရွေးကောက်ပွဲကို လေးနှစ်တစ်ကြိမ် ကျင်းပသည်။ ယခုနှစ်ကို သမ္မတ မွန်ဂျေအင်းအစိုးရအဖွဲ့ ၏ စွမ်းဆောင်မှုကို သက်တမ်းဝက် အကဲဖြတ်မှုတစ်ခုအဖြစ် ရှုမြင်သည်။ သမ္မတ မွန်ဂျေအင်း၏ ငါးနှစ်ကြာသက် တမ်းမှာ ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးသည်။

ဖေဖော်ဝါရီလနှောင်းပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှာ တစ်ရက်လျင် ၉၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။

သို့သော်လည်း ဧပြီလ ၁၄ ရက်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ၃၀ အောက်ရှိသည့် ဒုတိယမြောက်နေ့ ဖြစ်လာခဲ့သည်။

တောင်ကိုရီးယားနိုင်ငံက ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုထိန်းချုပ်မည့် စေ့စေ့စပ်စပ် စမ်းသပ်မှုသည့် တိုင်းပြည်အဖြစ် လူသိများသည်။ သမ္မတ မွန်ဂျေအင်း၏ ရေပန်းစားမှုက အာဏာရ ဒီမိုကရက်တစ်ပါတီကို အ ထောက်အကူပြုခဲ့သည်။

သမ္မတ မွန်ဂျေအင်းက စေ့စေ့စပ်စပ် စမ်းသပ်မှုပါဝင်သည့် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်မှုကို ဉီးဆောင်ခဲ့ သည်။ တောင်ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် နေ့စဉ် ကူးစက်မှုအရေအတွက် သိသိသာသာ ကျဆင်းလာခဲ့ သည်။

–ကိုးကား–အင်န်အိတ်ချ်ကေ
Ref; South Koreans voting in general election


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။