Trending Now

အာဖဂန်နစ္စတန်ရှိ MSF ဆေးရုံတိုက်ခိုက်မှုတွင် ၁၄ ဉီးထက်မနည်း သေဆုံး

Spread the love

အာဖဂန်နစ္စတန်ရှိ MSF ဆေးရုံတိုက်ခိုက်မှုတွင် ၁၄ ဉီးထက်မနည်း သေဆုံး

EPN
နိုင်ငံတကာ၊ မေ ၁၃

အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်ရှိ သားဖွားဆေးရုံတစ်ခုအပေါ် တိုက်ခိုက်မှုတွင် မွေးကင်းစက လေးများ အပါအဝင် လူ ၁၄ ဉီးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် ကဘူးလ်မြို့တော်ရှိ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာ နာထောက်ထားမှု အဖွဲ့အစည်းတစ်ခုဖြစ်သည့် နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) က ဖွင့်လှစ်ထားသည့် ဆေးရုံတစ်ရုံကို သေနတ်သမားများက စီးနင်းတိုက်ခိုက်ခဲ့သည်။

မိခင်များ၊ ကလေးငယ်များနှင့် သူနာပြုများမှာ စစ်သွေးကြွများနှင့် လုံခြုံရေးတပ်ဖွဲ့များကြား ညှပ်ပူးညှပ် ပိတ်ပစ်ခတ်မှုတွင် ပိတ်မိသွားခဲ့ပြီး လူ ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားချိန်တွင် ဆေးရုံဝန်းကျင်၌ လူ ၁၀၀ ခန့်ရှိခဲ့ကြောင်း ဆေးရုံရှိ သတင်းရင်းမြစ်များက ပြောသည်။ လုံခြုံရေးတပ်ဖွဲ့က သေနတ်သမားသုံးဉီးကို သုတ်သင်ခဲ့ကြောင်း သတင်းများက ဆိုသည်။
တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမျှ တာဝန်ယူခဲ့ခြင်းမရှိပေ။ အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်အ ဖွဲ့နှင့် အိုင်အက်စ်စစ်သွေးကြွအဖွဲ့တို့၏ အကြမ်းဖက်တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရသည်။

ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများအပေါ် တိုက်ခိုက်မှုများပြုလုပ်ခြင်းက ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့လျက်ရှိရာ အာဖဂန်နစ္စတန်နိုင်ငံ၌ စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။

–ကိုးကား–

အင်န်အိတ်ချ်ကေ
Ref; 14 killed in hospital attack in Afghanistan


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။