Trending Now

မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ ဖုန်းဆိုင်တစ်ခုအတွင်း တစ်သောင်းတန်အတုများဖြင့် လာရောက် ငွေလွှဲမှု ဖြစ်ပွားခဲ့

Spread the love

မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ ဖုန်းဆိုင်တစ်ခုအတွင်း တစ်သောင်းတန်အတုများဖြင့် လာရောက် ငွေလွှဲမှု ဖြစ်ပွားခဲ့

EPN
မြစ်ကြီးနား ၊ဇူလိုင် ၄

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့အောင်နန်းရပ်ကွက်ရှိ ဖုန်းဆိုင်တစ်ခုအတွင်း အမျိုးသားနှစ်ဦးမှ တစ်သောင်းတန်ငွေအတုများဖြင့် Wave Money ကိုယ်ပိုင်အကောင့်ထဲသို့ လာရောက်ငွေလွှဲသည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၉ ရက်နေ့ ည ၇ နာရီအချိန်ခန့်က အမျိုးသားနှစ်ဦးမှ ဆိုင်ကယ်ဖြင့် ဖုန်းဆိုင်အတွင်း လာရောက်ကာ Wave Money အကောင့်အတွင်းသို့ ငွေ တစ်သိန်းခွဲ ထည့် မည်ဖြစ်ကြောင်း ပြောဆိုသည့်အတွက် ဆိုင်ရှင်မှ တစ်သိန်းခွဲအား အကောင့်အတွင်း လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ငွေလွှဲသည့် အမျိုးသားနှစ်ဦးမှ ငွေလွှဲရောက်ရှိခြင်းရှိမရှိ ၎င်း၏ဖုန်းအား စစ်ဆေးပြီးနောက် တစ်သောင်းတန်ငွေစက္ကူ အတု ၁၅ ရွက်ကို ဆိုင်ရှင်အားပေးအပ်ကာ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

“အမျိုးသား နှစ်ဦး wave money လာထည့်တဲ့အတွက် သူတို့ဖုန်းထဲကို ငွေလွဲပေးလိုက်တယ် အဲ့ချိန်မှာ ငွေသားယူမယ်ဆိုတော့ ငွေတွေက အတုတွေဖြစ်နေတာ လှမ်းအော်ပြောတော့ ထွက်ပြေးသွားတယ် တစ်သောင်းတန် ၁၅ ရွက်လုံးက အတု‌တွေဆိုတာ သိသိခြင်း Wave Money ကို အကြောင်းကြားလိုက်တော့ ငွေပြန်ရတယ်”ဟု လိမ်လည်ခံရသည့် ဖုန်ဆိုင်မှ အမျိုးသမီးက ပြောဆိုသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။