Trending Now

ကချင်ပြည်နယ်တွင် ညမထွက်ရအမိန့် ချိုးဖောက်သူ ၁၆၀ ကျော်ရှိ

Spread the love

ကချင်ပြည်နယ်တွင် ညမထွက်ရအမိန့် ချိုးဖောက်သူ ၁၆၀ ကျော်ရှိ

 

EPN
မြစ်ကြီးနား၊ ဇူလိုင် ၆

ကချင်တစ်ပြည်နယ်လုံးတွင် ဇူလိုင် ၅ ရက်နေ့အထိ ညမထွက်ရအမိန့် ချိုးဖောက်သူ ၁၆၀ ကျော်ရှိပြီး ၎င်းတို့ကို ဥပဒေအရ အရေးယူဆောင်ရွက်မှုများပြုလုပ်ထားကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကိုဗစ် ၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေးတို့အတွက် ညမထွက်ရ ဒေသန္တရအမိန့်ကို ဧပြီ(၁၈)ရက်နေ့က သက်ဆိုင်ရာမြို့နယ်အလိုက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားပြီး ကချင်တစ်ပြည်နယ်လုံးတွင် ဇူလိုင် ၅ ရက်နေ့အထိ ယင်းအမိန့်ချိုးဖောက်သူ စုစုပေါင်း ၁၆၇ ဦး အထိ အရေးယူထားပြီဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မျိုးသူရနောင်က ယနေ့ ဇူလိုင်လ ၆ ရက်နေ့က ပြောသည်။

“ကချင်တစ်ပြည်နယ်လုံးဆိုရင်တော့ ဧပြီလ ၂၂ ကနေ မနေ့က ဇူလိုင် ၅ရက်နေ့အထိ ညမထွက်ရ ဒေသန္တရအမိန့်ချိုုးဖောက်သူ ၁၆၇ ယောက်ရှိတယ်။ ကချင်တစ်ပြည်နယ်လုံးမှာ မြစ်ကြီးနားကတော့ အများဆုံးချိုးဖောက်တယ် ၁၁၉ ယောက်ရှိတယ် အဲ့ဒီညမထွက်ရအမိန့်ချိုးဖောက်သူတွေကို ဥပဒေ အရ အရေးယူဆောင်ရွက်ထားတယ်ဟု” ၎င်း ကပြောသည်။

အဆိုပါ အရေးယူထားသည့် ၁၆၇ ဦးအနက် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၃၀ ဦးတို့ကို ငွေဒဏ် ၅၀၀၀၀ စီနှင့် ကျန် ၁၃၇ ဦးတို့ကို ထောင်ဒဏ်တစ်လစီဖြင့် သက် ဆိုင်ရာမြို့နယ် တရားရုံးများက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ အရ အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။

ကိုဗစ် ၁၉ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် နာရေး ကိစ္စ ဆောင်ရွက်သူများမှအပ မည်သူမဆို နေ့စဉ်ည ၁၀ နာရီမှ မနက်(၄)ရီအထိ နေအိမ်ပြင်ပကို ထွက်ခွာခြင်း၊စုဝေးခြင်း မပြုလုပ်ရန် ဧပြီ ၁၈ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ပြီး ဧပြီ ၃၀ရက်နေ့ နောက် ပိုင်းမှာတော့ ယင်းအမိန့်ကို နေ့စဉ်ည ၁၂နာရီမှ မနက် ၄နာရီအထိ ပြောင်းလဲ ထုတ်ပြန်ခဲ့သည်။

မင်းမင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။