Trending Now

တောင်ငူမြို့မှာ နာမည်ကြီး ဝက်ဝံမွေးမြူသူ တစ်ဦးသူ ဒီကနေ့မနက်ပိုင်းက ဝက်ဝံအကိုက်ခံရလို့ သေဆုံး

Spread the love

တောင်ငူမြို့မှာ နာမည်ကြီး ဝက်ဝံမွေးမြူသူ တစ်ဦးသူ ဒီကနေ့မနက်ပိုင်းက ဝက်ဝံအကိုက်ခံရလို့ သေဆုံး

EPN
တောင်ငူ ၊ ဧပြီ ၇၊

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် နာမည်ကြီးဝက်ဝံမွေးသူတစ်ဦး ဧပြီလ ၇ ရက် ဒီကေန မနက်ပိုင်း့က ဝက်ဝံကိုက်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

” ဒီမနက် ဝက်ဝံတွေကို အစာကြွေးရင်း အကိုက်ခံရတာဖြစ်မယ် ၊ ကျနော်တို့ အလောင်းကောက်ဖို့ရောက်တော့ ၊ သူမွေးထားတဲ့ ဝက်ဝံတွေက အလောင်းအကောက္မခံတဲ့အတွက် ဝံတွေကို သက်ဆိုင်ရာက အသေပစ်ခတ်ပြီးမှ ကောက်ခဲ့ရတယ် ” လို့ လူမှုကူညီရေး အသင်း ၊ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။

သေဆုံးသူက တောင်ငူမြို့မှာ နာမည်ကြီး ဝက်ဝံမွေးမြူသူ ကိုအောင်ကြီး (ခ) ကိုကိုအောင် ဆိုသူဖြစ်ပြီး ဝက်ဝံတွေအား ယဥ်ပါးအောင်မွေးမြူသူတစ်ဦးဖြစ်တဲ့ အပြင် ဝက်ဝံများနဲ့ တစ်ခါတစ်ရံတွင် အိပ်စက်သူတစ်ဦးလည်း ဖြစ်ပါတယ်။

အဲ့ဒီ လူသေဆုံးမှုကို တောင်ငူမြို့နယ်ရဲတပ်ဖွဲက သေမှုသေခင်းဖွင့် စစ်ဆေးသွားမယ်လို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။