Trending Now

မြစ်ကြီးနားမြို့ပေါ် တွင် သူခိုးများပြားနေ၍ တာဝန်ရှိသူများ တာစီးရန်လိုအပ်နေ

Spread the love

မြစ်ကြီးနားမြို့ပေါ် တွင် သူခိုးများပြားနေ၍ တာဝန်ရှိသူများ တာစီးရန်လိုအပ်နေ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၁ (၂၀၂၄)

မြစ်ကြီးနားမြို့ပေါ် တွင် ပြီးခဲ့သည့်လပိုင်းနှင့် ယခုလပိုင်းအတွင်း ဆိုင်ကယ် ခိုးခံရသူ၊ အိမ်ဖောက်ခံရသူ၊ မီးကြိုးခိုးခံရသူ များပြားလျက်ရှိနေ၍ သက်ဆိုင်ရာတာဝန်ရှိသူများက ဖမ်းဆီးအရေးယူပေးရန် မြို့ပေါ် ရပ်ကွက်နေ ပြည်သူများက လိုလားနေကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပေါ် ရှိ ဂျာမိုင်ကောင်း၊ ရမ်ပူ၊ ကြက်ပေါင်ခြံ စသည့် ရပ်ကွက်တို့တွင် ဆိုင်ကယ်ခိုးခံရသူ၊ အိမ်ဖောက်ခံရသူ၊ လျှပ်စစ်မီးကြိုး ခိုးရခံသူများနှင့် WiFi ဖိုက်ဘာကြိုး အများအပြား ခိုးခံရနေကြောင်း ရမ်ပူရပ်ကွက်နေသူတစ်ဦးက ဆိုသည်။

” ဒီနေ့ မနက် သုံးနာရီလောက်မှာ ရမ်ပူ နယ်မြေ (၂၃) က နယ်မြေမှူးရဲ့ အိမ်မှာ ဆိုင်ကယ်သုံးစီး အခိုးခံရတယ်လို့ ကြားတယ်။ ကြက်ပေါင်ခြံဘက်မှာဆို မီးကြိုးတွေ၊ ခြံစည်းရိုးသွပ်တွေ ရက်ခြားခိုးခံနေရတယ် ” ဟု ၎င်းကရှင်းပြသည်။

မြို့ပေါ် တွင် လောင်းကစားရုံများ နည်းပါးလာသော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ များပြားနေ၍ မူးယစ်ဆေးဝါး သမားများကို ဖမ်းဆီးအရေးယူရန် လိုအပ်ကြောင်း ဂျာမိုင်ကောင်းရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

” အများဆုံးကတော့ ဆေးသမားတွေက အတင့်ရဲနေကြတာ။ ဖမ်းခံရလိုက် မကြာဘူး ပြန်လွတ်လာလိုက်နဲ့ အခုဆို နေ့လည်တောင် ခြံဝန်းသော့ခတ်ထားရတယ်။ တွေ့သမျှ အကုန်ခိုးတာ။ ခြံစည်းရိုးသွပ်လည်း ခိုးတယ်။ ကြက်တွေ့ ကြက်ခိုးတာ။ အရမ်းသောင်းကြမ်းနေပြီ ” ဟု ၎င်းကရှင်းပြသည်။

မြစ်ကြီးနားမြို့ရမ်ပူ၊ ကြက်ပေါင်ခြံ၊ ဂျာမိုင်ကောင်း ရပ်ကွက်တို့တွင် နှစ်လအတွင်း ဆိုင်ကယ်ပျောက်သူ၊ အိမ်ဖောက်ခံရသူ၊ ဖုန်း၊ ရေမော်တာခိုးခံရသူ စုစုပေါင်း ငါးဦးထက်မနည်းရှိကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။